徐敏霞

ကမ္ဘာ့စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းသည် သမိုင်းရေစီးကြောင်း ဖြစ်သည်

(GMT+08:00)2020-01-22 09:54:06  

图片默认标题_fororder_ruipin

ကမ္ဘာ့စီးပွါးရေးဖိုရမ် ၂၀၂၀ ပြည့်နှစ် နှစ်ပတ်လည် အစည်းအဝေးကို ဒီလ ၂၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပခဲ့ရာ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ဖိုရမ်မှာ လူအများ အာရုံအစူးစိုက်ဆုံး ကိစ္စ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တုန်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောခဲ့ဖူးသလိုပဲ၊ လူ့ပယောဂနဲ့ နိုင်ငံအသီးသီးတို့ရဲ့ ငွေရင်းစီးဆင်းမှု၊ နည်းပညာ စီးဆင်းမှု၊ ကုန်ပစ္စည်းများ စီးဆင်းမှု၊ ကုန်ထုတ်လုပ်မှု ကွင်းဆက်နဲ့ လူအများ ရွေ့လျား သွားလာမှုများကို ဖြတ်တောက်ပြီး ကမ္ဘာ့စီးပွါးရေး သမုဒ္ဒရာကို အထီးကျန် ဖြစ်စေတဲ့ ရေကန်လေး တစ်ခု ဖြစ်အောင် နောက်ဆုတ်စေချင်တဲ့ ကြံဆမှုဟာ ဖေါ်ဆောင်နိုင်မှာ မဟုတ်သလို သမိုင်း ရေစီးကြောင်းနဲ့လည်း မကိုက်ညီပါကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။

စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း နောက်ဆုတ်ခြင်းရဲ့ အဓိက အကြောင်းရင်းဟာ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းဆိုင်ရာ အကျိုးစီးပွါးများ ညီညီမျှမျှ မရှိခြင်းနဲ့ ကမ္ဘာ့ စီးပွါးရေး တိုးတက်မှု အားနည်းနေခြင်းကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သုံးနှစ်တုန်းကပဲ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဖြေရှင်းရေး အဆိုပြုချက်များကို တင်ပြခဲ့ပါတယ်။ အဲဒါတွေကတော့ ဆန်းသစ်တီထွင်ပြီး တွန်းအားပေးခြင်းကို စွဲကိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ရန်၊ အချိန်နှင့်တစ်ပြေးညီ တိုးတက်မှုကို စွဲကိုင်ရန်၊ တရားမျှတပြီး သက်ညှာထောက်ထားမှုကို စွဲကိုင်ရန်တို့ ဖြစ်ပါတယ်။ အဲဒီ “တရုတ် တိုင်းရင်းဆေးညွှန်း”ဟာ ယနေ့အထိ လမ်းညွှန်မှု ပြုတဲ့စွမ်းအား ရှိနေသေးတယ်။

ဒီနှစ် ဒါဗို့စ်ဖိုရမ်ရဲ့ ဆောင်ပုဒ်ဟာ “နိုင်ငံတကာ အင်အားများ စုစည်းပြီး ဆက်တိုက် ဖွံ့ဖြိုးရေးကို အကောင်အထည် ဖေါ်ဆောင်ခြင်း” ဖြစ်ပါသည်။ စီးပွါးရေး ဂလိုဘယ် လိုက်ဇေးရှင်းဟာ သမိုင်း ရေစီးကြောင်း ဖြစ်ပြီး ရှေ့သို့ ချီတက်ရန် အရှိန်ကို ဘယ်သူမဆို တားမြစ်နိုင်မှာ မဟုတ်ဘူးလို့ ဆောင်းပါးထဲမှာ ရေးသား ဖေါ်ပြထားပါတယ်။ (ကျော)