张晓宁

တရုတ်-ဘရူနိုင်း အစိုရအကြားပူးတွဲလမ်းညွှန်ကော်မတီ ပထမအကြိမ်အစည်းအဝေးကို ပီကင်းတွင်ကျင်းပ

(GMT+08:00)2020-01-22 13:14:58  

      ယမန်နေ့ ၂၁ရက်နေ့က ပီကင်းမြို့၌ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိသည် ဘရူနိုင်းနိုင်ငံခြားရေးရာတာဝန်ခံ ဝန်ကြီးအယ်ရီဝမ်နှင့်အတူ တရုတ်-ဘရူနိုင်းအစိုရအကြားပူးတွဲလမ်းညွှန်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်းChina Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက တရုတ်နှင့် ဘရူနိုင်းနှစ်နိုင်ငံတို့သည် နိုင်ငံကြီးနှင့် နိုင်ငံငယ်အကြား အပြန်အလှန် တန်းတူညီမျှစွာ ဆကဆံရေးဆိုင်ရာ စံနမူနာကောင်းဖြစ်ကြောင်း၊ အစိုးရအကြား ပူးတွဲလမ်းညွှန်ကော်မတီ တည်ထောင်ခြင်းသည် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့ရရှိသော အရေးပါသည့် သဘောတူညီချက်ဖြစ်ကြောင်း၊ နှစ်ဖက်သဘောတူညီချက်အရ ကော်မတီမူဘောင်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ပင်လယ်ရေးရာများနှင့် စွမ်းအင်စသော နယ်ပယ်၁၀ခုတွင် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ပြီး လုပ်ငန်းအဖွဲ့များကို တည်ထောင်မည်ဖြစ်ကြောင်း၊ ယင်သည် နှစ်နိုင်ငံဆက်ဆံမှုအတွက် အရေးကြီးအဓိပ္ပါယ်ပါရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

အယ်ရီဝမ်သည် ဘရူးနိုင်းက တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း၊ “Belt and Road”အတူတည်ထောင်ရန် ပိုမိုလျင်မြန်စွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘရူးနိုင်း-တရုတ် မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။