徐敏霞

ရှီကျင့်ဖိန်သည် ယူနန်ပြည်နယ် တိုင်းရင်းသားပေါင်းစုံမှ ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုများအား ကြည့်ရှုအားပေး

(GMT+08:00)2020-01-22 09:52:00  

图片默认标题_fororder_da1

图片默认标题_fororder_da2

တရုတ် ရိုးရာ နွေဦးပွဲတော် ကျရောက်ခါနီး အခါသမယတွင် ယခုလ ၁၉ ရက်နေ့မှ ၂၁ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယူနန်ပြည်နယ် ကျေးလက်၊ ရှေးဟောင်းမြို့နယ်၊ ဂေဟစနစ် ထိန်းသိမ်းရေး စိုစွတ်မြေဥယျာဉ်၊ နှစ်သစ် ကုန်ပစ္စည်း ဈေးတန်း၊ တိုင်းချစ်ပြည်ချစ် အသိပညာပေးရေး စခန်းသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ပြီး တိုင်းရင်းသားပေါင်းစုံမှ ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုများအား ကြည့်ရှုအားပေးကာ ပြည်သူတစ်ရပ်လုံးအား နွေဦးပွဲတော် နှစ်သစ်ကူး နှုတ်ခွန်း ဆက်သခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

စမ်းကျားချွင်းရွာသည် အရင်တုန်းက ဆင်းရဲသောရွာ တစ်ရွာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဆင်းရဲမှု ပပျောက်ခဲ့တဲ့ရွာ ဖြစ်ပါသည်။ ၁၉ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်သည် စမ်းကျားချွင်းရွာသို့ သွားရောက်ညပီး ဆင်းရဲမှု ပပျောက်ရေး အခြေအနေကို လေ့လာ ခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံ တည်ထောင်ရေး ဖြစ်စဉ်၌ တိုင်းရင်းသားလူမျိုးစု တစ်စုမှ ချန်ထားလို့ မရကြောင်း၊ တိုင်းရင်းသားလူမျိုးစုဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို မြန်ဆန်စွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ရှီကျင့်ဖိန်သည် ဟိုရွှင့် ရှေးဟောင်းမြို့နယ်ရှိ အိုက်စီချီ အထိမ်းအမှတ် ပြတိုက်သို့ လည်ပတ်ကြည့်ရှုခဲ့ပါသည်။ ဟိုရွှင့်သည် တရုတ်ပြည် နာမည်ကြီး အဘိဓမ္မာ အတွေးအခေါ်ပညာရှင် အိုက်စီချီ၏ ဇာတိရွာ ဖြစ်ပါသည်။

၂၀ ရက်နေ့တွင် ရှီကျင့်ဖိန်သည် ကူမင်းမြို့ရှိ တျန်းချီ ရေကန် ဂေဟစနစ် ထိန်းသိမ်းရေး စိုစွတ်မြေဥယျာဉ်သို့ ရောက်ရှိခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ မိမိတို့သည် အရင်တုန်းကလို ဂေဟစနစ် ပတ်ဝန်းကျင် နစ်နာပြီး စီးပွါးရေး တိုးမြှင့်သည့် လုပ်ရပ်ကို စွန့်ပစ်ရကြောင်း၊ ယခု အရပ်သူအရပ်သားများသည် ဝမ်းဝခါးလှ ဖြစ်ကြပြီ ဖြစ်ပြီး အလေးအထားဆုံးကိစ္စမှာ ပတ်ဝန်းကျင်ကိစ္စပင် ဖြစ်ကြောင်း၊ ဂေဟစနစ် ထိန်းသိမ်းရေးကို ဆက်လက်ပြီး ဇွဲရှိရှိဖြင့် အားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ပြီး စိမ်းလန်းစိုပြေသော တောင်တန်းများကို အကယ်စင်စစ် ရွှေငွေတောင်တန်းများ ဖြစ်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

၂၁ ရက်နေ့ နံနက်ပိုင်းက ရှီကျင့်ဖိန်သည် ယူနန်ပြည်နယ် ပါတီကော်မတီနှင့် ပြည်နယ် အစိုးရ လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ကြားနာခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ ခေတ်သစ်၌ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ဆန်းသစ်တီထွင်ရေး၊ ညှိနှိုင်းဆောင်ရွက်ရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးရေး၊ တံခါးဖွင့်ရေးနှင့် အတူမျှဝေရေး အပါအဝင် အတွေးအခေါ်သစ်များကို ဦးလည်မသုန် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ စီးပွါးရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ (ကျော့)