宋冉

နျူကလီးယားလက်နက်မပြန့်ပွါးစေရေးစာချုပ်မှ နုတ်ထွက်မည်ဟု အီရန်ခြိမ်းခြောက်ပြောဆို

(GMT+08:00)2020-01-21 15:22:21  

အီရန်အစိုးရပိုင်သတင်းဌါနမှ ဇန်နဝါရီလ၂၀ရက်နေ့ကသတင်းအရ အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က ဥရောပနိုင်ငံများသည် အီရန်နျူကလီးယားပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ဆွေးနွေးရန်တင်ပြလျှင် အီရန်နိုင်ငံသည် နျူကလီးယားလက်နက်မပြန့်ပွါးစေရေး စာချုပ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ဝန်ကြီး ဇာရစ်ဖ်၏အဆိုပါပြောဆိုချက်သည် လွန်ခဲ့သော သီတင်းပတ်က ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမဏီ၃နိုင်ငံတို့၏ အီရန်နျူကလီးယားစာချုပ်ဆိုင်ရာ ဆောက်ရွက်ချက်များ အပေါ်တုံ့ပြန်ခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။