马宁

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၂၀၂၀ပြည့်နှစ် နှစ်သစ်ကူး ဧည့်ခံပွဲကို ကျင်းပ

(GMT+08:00)2020-01-21 14:00:41  

  တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇန်နဝါရီလ ၂၀ရက်နေ့က တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ၂၀၂၀ပြည့်နှစ် နှစ်သစ်ကူး ဧည့်ခံပွဲကို ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံအသီးသီးမှ သံတမန်အရာရှိဇနီးမောင်နှံများ၊ နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ် ဇနီးမောင်နှံများ နှင့် တရုတ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း ၄၀၀ခန့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  ဝမ်ယိက ၂၀၂၀ပြည့်နှစ်တွင် မိမိတို့သည် ကိုယ့်နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ခွင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ပိုမိုပြတ်သားသော ဇွဲသတ္တိဖြင့် ထိန်းသိမ်းပြီး ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုနှင့် ထူထောင်မှုအတွက် အကျိုးရှိသော ပြင်ပပတ်ဝန်းကျင်ကို ဖန်တီးပေမည်ဖြစ်ကြောင်း၊ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတက်ကြွစွာ အားဖြည့်တည်ထောင်ပြီး ကမ္ဘာ့အခြေအနေ ပိုမိုတည်ငြိမ်လာအောင် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တံခါးဖွင့် ကမ္ဘာ့စီးပွားရေး ထူထောင်ရန်အတွက် ဦးစီးသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံဝါဒ နှင့် နိုင်ငံတကာ တရားမျှတမှုကို ပိုမိုအားကောင်းစွာ ထိန်းသိမ်းပြီး ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။