徐敏霞

တရုတ် နွေဦးပွဲတော် အကြိုညပဒေသာကပွဲ စတုတ္ထအကြိမ် ဇာတ်တိုက်လေ့ကျင့်၊ ဟာသဇာတ်လမ်းတိုနှင့် ပြတ်လုံး အစီအစဉ်များ စံချိန်သစ်တင်

(GMT+08:00)2020-01-21 09:55:06  

图片默认标题_fororder_caipai4

China Media Group မှ ဦးစီးပြုလုပ်သော ၂၀၂၀ ပြည့်နှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ စတုတ္ထအကြိမ် ဇာတ်တိုက်လေ့ကျင့်မှုကို ယခုလ ၂၀ ရက်နေ့က ချောမောအောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

ဟာသဇာတ်လမ်းတိုနှင့် ပြတ်လုံး အစီအစဉ် ပမာဏမှာ လွန်ခဲ့သည့်နှစ်များက နွေဦးပွဲတော် အကြိုည ပဒေသာကပွဲထက် အများဆုံး ဖြစ်သွားမည် ဖြစ်ပြီး စံချိန်သစ် တင်နိုင်မည် ဖြစ်ပါသည်။ အစီအစဉ်များထဲတွင် မိဘနှင့် သားသမီးများ၊ ရည်းစားချစ်သူများ သံယောဇဉ် ဆိုင်ရာ အကြောင်းဇာတ်လမ်းများ ပါဝင်သလို သူစိမ်းများ အချင်းချင်း ကူညီထောက်ပံ့တဲ့ အကြောင်းပုံပြင်များလည်း ပါဝင်သည်ဟု သိရပါသည်။ ထို့ပြင် အပေါ်ယံပုံစံကျရေးဝါဒနှင့် အရာရှိကြီးဝါဒများကို ကဲရဲ့သည့် ဟာသဇာတ်လမ်းတိုလည်း တင်ဆက်သွားမည် ဖြစ်ပါသည်။

 တရုတ် နွေဦးပွဲတော် အကြိုညပဒေသာကပွဲကို ယခုလ ၂၄ ရက်နေ့ညတွင် ပီကင်းမြို့ရှိ ပင်မ ဇာတ်ခုံ၊ ဟိုနန်ပြည်နယ် ကျင့်ကျိုးမြို့ ဇာတ်ခုံနှင့် ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ဒေသကြီး ဇာတ်ခုံများတွင် တစ်ပြိုင်တည်း တင်ဆက်ဖျော်ဖြေမည် ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။ (ကျော့)