朱蕾

လစ်ဗျားပြဿနာဆိုင်ရာ ဘာလင် ထိပ်သီးအစည်းအဝေး အောင်ကျိုးရလဒ်များ အကောင် အထည်ဖော်ဆောင်ရန် နိုင်ငံတကာမိသားစုကြီးနှင့်အတူ တွန်းအားပေးလိုကြောင်း တရုတ် ဆို

(GMT+08:00)2020-01-21 10:43:51  

လစ်ဗျားပြဿနာဆိုင်ရာ ဘာလင်ထိပ်သီးအစည်းအဝေးကို ယခုလ ၁၉ ရက်နေ့ က ဂျာမဏီနိုင်ငံတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က တရုတ်ပြည်အနေနှင့် ဘာလင်ထိပ်သီးအစည်းအဝေး၏ အောင်ကျိုး ရလဒ်များ အကောင်အထည်ဖော်ဆောင်ရန် နိုင်ငံတကာမိသားစုကြီးနှင့်အတူ တွန်းအား ပေးပြီး၊ လစ်ဗျားငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးပြန်လည်ရရှိရန်အတွက် တက်ကြွ စွာ စွမ်းဆောင်လိုကြောင်း ယခုလ ၂၀ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာလုပ်ငန်းကော်မရှင် ရုံးဥက္ကဋ္ဌ ယန်ကျယ်ချီသည်၊ ဘာလင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး၊ လစ်ဗျား ပြဿနာဆိုင်ရာ တရုတ်ပြည်၏ သဘောထားရပ်တည်ချက်ကို ရှင်လင်းဖော်ပြခဲ့ ကြောင်း  ထိုနေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကင်စွမ်က ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။