辛甜

ရုရှားနိုင်ငံ Saint Petersburg မြို့တွင် LCD screen ကြီးများဖြင့် ထောင်နှင့်ချီသော ပရိသတ်များအား China Media Group မှ နွေဦးပွဲတော်ညပဒေသာကပွဲကို တိုက်ရိုက်ထုတ်လွှင့်မည်

(GMT+08:00)2020-01-21 15:25:49  

    Saint Petersburg မြို့ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌက ထောင်နှင့်ချီသော ပရိသတ်များ China Media Group မှ နွေဦးပွဲတော်ညပဒေသာကပွဲ ကြည့်ရှုခြင်းလှုပ်ရှားမှု အစီအစဉ်ကို တရုတ်သက္ကရာဇ် နှစ်သစ်ကူးအကြိုနေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ရုရှား-တရုတ်ကုန်သွယ်ရေးဇုန်၌ ကျင်းပမည်ဟု ကြေညာပါသည်။

     တရုတ်နွေဦးပွဲတော်ညပဒေသာကပွဲသည် တစ်ကမ္ဘာလုံး ပရိသတ်အများဆုံးသော ညပဒေသာကပွဲဖြစ်ပါသည်။ တရုတ်လူမျိုး သန်း ၁၄၀၀ အပြင် တစ်ကမ္ဘာလုံး ဒေသအရပ်ရပ် ရှိ တရုတ်အနွယ်ဖွားများနှင့် တရုတ်ယဉ်ကျေးမှု ဝါသနာပါသူများလည်း ပါသည်။ရုရှား တရုတ်ဘာသာပညာရှင် အိုလီကာ မီကူနိုဗါက နှစ်သစ်ကူးအကြိုနေ့ညတွင် နွေဦးပွဲတော် ညပဒေသာကပွဲကြည့်ရှုခြင်းသည် တရုတ်လူမျိုးများ၏ နွေဦးပွဲတော် ဓလေ့ထုံးစံထဲက ခွဲမရသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နွေဦးပွဲတော် ညပဒေသာကပွဲသည် ရုရှားပရိသတ်များ၏ဂရုစိုက်မှုကိုလည်း ခံရပြီး နှစ်နိုင်ငံ ပြည်သူများအကြားချစ်ကြည်မှု နက်ရှိုင်းစေသော အပြန်အလှန်ယုံကြည်မှုကို တိုးပွားစေသော အရေးကြီးပလက်ဖေါင်း တစ်ဖြည်းဖြည်းဖြစ်လာကြောင်း ပြောကြားပါသည်။