邹立莹

ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၂၀ခုနှစ် နှစ်သစ်ကူးဧည့်ခံပွဲကို ကျင်းပ

(GMT+08:00)2020-01-21 14:43:30  

      ၂၀၂၀ခုနှစ် တရုတ်အနွယ်ဖွားများနှစ်သစ်ကူးဧည့်ခံပွဲကို ယခုလ ၁၉ ရက်နေ့က ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ကျင်းပခဲ့ကြောင်း၊ ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဟန့်ဟွေနှင့် ရုရှားနိုင်ငံရှိ တရုတ်အနွယ်ဖွားများနှင့်အတူ တရုတ်နှစ်သစ်ကူးကို ကြိုဆိုကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

သံအမတ်ကြီးကျန်းဟန့်ဟေက ၂၀၁၉ခုနှစ်သည် တရုတ်ဖွံ့ဖြိုးရေးတိုးတက်မှု သမိုင်းတွင် ထူးမြတ်သော နှစ်တစ်နှစ်ဖြစ်ကာ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့်ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့်ခေတ်သစ် တရုတ်ဝိ​သေ​သထူးခြားချက်ပါရှိသောဆိုရှယ်လစ် တည်ဆောက်မှုလုပ်ငန်းတွင် အောင်ကျိုးရလဒ်များကို ရရှိခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။