徐敏霞

ရှီကျင့်ဖိန်သည် ကူမင်း၌ လေ့လာကြည့်ရှု

(GMT+08:00)2020-01-21 12:18:13  

图片默认标题_fororder_DADADAD

ယခုလ ၂၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယူနန်ပြည်နယ် ကူမင်းမြို့သို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ပါသည်။

၂၀ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်သည် ကူမင်းမြို့ တျန်းချီ ရေကန်ကို အရင် သွားရောက်ပြီး ရေကန်ရေ အရည်အသွေး ပြုပြင်ရေး အခြေအနေကို အဓိကထား လေ့လာ ကြည့်ရှုခဲ့ပါသည်။ လွန်ခဲ့သည့်ရာစု ၉၀ ပြည့်လွန်နှစ်များက တျန်းချီ ရေကန်သည် တရုတ်ပြည်တွင် ရေညစ်ညမ်းမှု အဆိုးရွားဆုံးသော ရေကန် ဖြစ်ခဲ့ဖူးသည်။ ပြုပြင်ခြင်း ခံရပြီးနောက် ယခု ရေကန်ရေအရည်အသွေးသည် တဖြည်းဖြည်း ပြန်လည် ကြည်လင် ကောင်းမွန်လာပြီဟု သိရပါသည်။

ထို့နောက် ရှီကျင့်ဖိန်သည် ကူမင်းမြို့ နိုင်ငံတကာ အစည်းအဝေး စင်တာ၌ ပြုလုပ်နေသော ၁၄ ကြိမ်မြောက် နွေဦးပွဲတော် ကုန်စည်ပြပွဲသို့ သွားရောက်ပြီး ပွဲတော် ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းဝယ်မှု အခြေအနေကို လေ့လာ ကြည့်ရှုကာ ပြည်သူတစ်ရပ်လုံးအား နွေဦးပွဲတော် နှစ်သစ်ကူး နှုတ်ခွန်း ဆက်သခဲ့ပါသည်။

ဆက်လက်ပြီး ရှီကျင့်ဖိန်သည် ယူနန်ပြည်နယ် ဆရာအတတ်သင်တက္ကသိုလ် ကျောင်းဝင်းထဲရှိ အစိုးရပိုင် အနောက်တောင် ပူးတွဲ တက္ကသိုလ်ဟောင်း နေရာသို့လည်း သွားရောက် လှည့်လည်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။ (ကျော့)