徐敏霞

ရှီကျင့်ဖိန်သည် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများအား နွေဦးပွဲတော် နှုတ်ခွန်းဆက်သ

(GMT+08:00)2020-01-21 10:57:47  

图片默认标题_fororder_xixi

ယခုလ ၂၀ ရက်နေ့ ညနေပိုင်းက ယူနန်ပြည်နယ်၌ လေ့လာကြည့်ရှုနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ကူမင်း နိုင်ငံတကာ အစည်းအဝေးစင်တာသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ပြည်သူလူထုများနှင့် ခင်မင်ရင်းနှီးစွာ အမြင်ချင်း ကူးလူးဖလှယ်ပြီး တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများအား နွေဦးပွဲတော် နှုတ်ခွန်းဆက်သခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ကြွက်နှစ် နွေဦးပွဲတော် ကျရောက်ခါနီး အခါသမယတွင် မိမိသည် တစ်ပြည်လုံးမှ ပြည်သူများအား၊ ဟောင်ကောင် မကာအို မွေးချင်းပေါက်ဖော်များအား၊ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များအား၊ ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများအား နွေဦးပွဲတော် နှုတ်ခွန်းဆက်သပါကြောင်း၊ နှစ်သစ်တွင် တရုတ်နိုင်ငံတွင် မိုးမှန်လေမှန် ဖြစ်ရန်၊ စိတ်အားထက်သန် ဖြစ်ရန်၊ စည်ပင်သာယာရန်၊ အေးချမ်းတည်ငြိမ်ရန်၊ ပြည်သူများအားလုံး ချောမော ပျော်ရွှင်ပါရန် ဆုတောင်းပါကြောင်း၊ ပြည်သူပြည်သားများ အားလုံး ကျန်းမာ ချမ်းမြေ့ပါစေ လုပ်ငန်း တိုးတက်ပါစေ လိုရာဆန္ဒပြည့်ပါစေဟု ဆုတောင်းပါကြောင်း ပြောကြားပါသည်။ (ကျော့)