徐敏霞

ဒါဗို့စ် ဖိုရမ် ကျင်းပတော့မည်၊ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ဆက်လက် ဦးစီးဆောင်ရွက်မည်

(GMT+08:00)2020-01-21 09:54:08  

图片默认标题_fororder_ruipin

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စီးပွါးရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တုန်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဒါဗို့စ် ဖိုရမ်မှာ မိန့်ခွန်း ပြောကြားပြီး၊ ကမ္ဘာကြီးအား အနှောင့်အယှက် ပြုနေတဲ့ ပြဿနာကို စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်စေတယ်လို့ အကဲဖြတ်ခြင်းဟာ အဖြစ်မှန်နဲ့ မကိုက်ညီတဲ့အပြင် ပြဿနာများ ဖြေရှင်းဖို့အတွက်လည်း အကျိုးရှိမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တယ်။ ရှီကျင့်ဖိန်က၊ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်မှာ ပေါ်ထွက်လာတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ချက် ရှိသမျှ အခွင့်အလွမ်းကို အသုံးပြုပြီး ရှိသမျှ စန်ခေါ်မှုကို ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းကာ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ဦးတည်ချက်ကို ကောင်းမွန်စွာ ဦးဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း တရုတ်နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များနဲ့အတူ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ပြီး၊ ကမ္ဘာ့ စီးပွါးရေး တိုးတက်မှုမှာ ဦးစီးဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အကျိုးခံစားရသူ ဖြစ်သလို တက်ကြွစွာ အကျိုးပြုသူလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ Belt and Road ကို အရည်အသွေးမြင့်မားစွာ တည်ဆောက်ခြင်း၊ နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ကျင်းပခြင်း စသဖြင့်နဲ့ နိုင်ငံတကာ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံတကာ စီမံခန့်ခွဲမှု စည်းစနစ် တည်ဆောက်မှုမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်ပြီး ကမ္ဘာ့စီးပွါးရေး စည်းစနစ်များ ပိုမို တရားမျှတပြီး ပိုမို တရားနည်းလမ်း ကျစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် တွန်းအားပေးနေခဲ့ပါတယ်။ အခု တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက်နဲ့ တည်ထောင်တဲ့ အာရှ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေးဘဏ် အဖွဲ့ဝင်နိုင်ငံဟာ ၁၀၂ နိုင်ငံ အထိ တိုးချဲ့လာပြီ ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဟာ အစုရှယ်ယာ အများစုကို ပိုင်ဆိုင်ပြီး အသင့်အတင့် ကြီးမားတဲ့ ပြောပိုင်ခွင့် ပိုင်ဆိုင်ထားတယ်လို့ China Media Group မှ ဆောင်းပါး တစ်ပုဒ်ထဲမှာ ရေးသားဖေါ်ပြထားပါတယ်။ (ကျော့)