朱蕾

၂၀၂၀ပြည့်နှစ် ”တရုတ်-မလေးရှားယဉ်ကျေးမှုနှင့် ခရီးသွားနှစ်” ဖွင့်ပွဲအခမ်းအနားသို့ လီခေ့ချန်နှင့် Mahathir တို့ ထောမနာပြုကြောင်း ဂုဏ်ပြုလွှာ ပေးပို့

(GMT+08:00)2020-01-20 15:00:43  

၂၀၂၀ပြည့်နှစ် ”တရုတ်-မလေးရှားယဉ်ကျေးမှုနှင့် ခရီးသွားနှစ်”ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၉ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ကျင်းပခဲ့သည်။ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Mahathir တို့သည်၊ ဖွင့်ပွဲအခမ်းအနားထံသို့ ထောမနာပြုကြောင်း ဂုဏ်ပြုလွှာကို အသီးသီးပေးပို့ ခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

ထိုဂုဏ်ပြုလွှာတွင် လီခေ့ချန်က တရုတ်၊ မလေးရှားတို့သည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နှစ်ပေါင်းထောင်ချီကြာမြင့်သော ချစ်ကြည်ရေးအစဉ်အလာရှိကြကြောင်း ဖော်ပြခဲ့သည်။

 Mahathir ကလည်း မလေးရှား-တရုတ်ဆက်ဆံမှုသည် ရှေး​ပ​ဝေ​သဏီကတည်းက စတင်ခဲ့ကြောင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားနှစ်ကျင်းပခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံမှုနှင့် ချစ်ကြည်မှုအဆင့်သစ်သို့ တွန်းအားပေးရန် ယုံကြည်ပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။