马宁

ယန်ကျေချီသည် လစ်ဗျားပြဿနာဆိုင်ရာ ဘာလင်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2020-01-20 15:11:34  

  ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာလုပ်ငန်းကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျေချီ သည် ဇန်နဝါရီလ ၁၉ရက်နေ့က ဂျာမဏီနိုင်ငံ၌ လစ်ဗျားပြဿနာဆိုင်ရာ ဘာလင်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  ယန်ကျေချီက လစ်ဗျားပြဿနာကို ဖြေရှင်းရန်အတွက် အပစ်အခတ် ချက်ချင်း ရပ်စဲပြီး ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပကာ သဘောကွဲလွဲမှုများကို သင့်လျော်ကောင်းမွန်စွာ ဖြေရှင်း၍ နည်းလမ်းမျိုးစုံဖြင့် အပေါ်ယံကြောနှင့် အရင်းအမြစ်မှနေပြီး ပြုပြင်ဖြေရှင်းသင့်ကြောင်း၊ ပြောကြားခဲ့ ပါသည်။

  ထို့ပြင် ယန်ကျေချီသည် ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ် မယ်ကယ်လ်၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ မီရှယ်လ်တို့နှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။