辛甜

နိုင်ငံခြားကိုထောက်ပံ့ကူညီသော တရုတ်ဆေးဝါးကုသရေးအဖွဲ့သည် ဆေရှဲနိုင်ငံ၌ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်

(GMT+08:00)2020-01-19 12:51:15  

图片默认标题_fororder_走基层

图片默认标题_fororder_走基层3

图片默认标题_fororder_走基层2

   နွေဦးပွဲတော်ရောက်ရှိတော့မည်ဖြစ်ပြီး မိသားစုဝင်များ စုစည်းသော အခါသမယတွင် တရုတ်လူမျိုးတစ်ချို့ကတော့ နိုင်ငံခြားတွင် အလုပ်ကို လုပ်ပြီး ဆွေမျိုးသားချင်းတို့နှင့် မဆုံနိုင်ကြပါဘူး။ ၄င်းတို့က ပြည်ပအရေးကြီးလုပ်ငန်း လုပ်ဆောင်သူများ၊ ငွေးရေးကြေးရေးအဖွဲ့က ဝန်ထမ်းများ၊ နိုင်ငံခြားကိုထောက်ပံ့ကူညီသော ဆရာဝန်များ စသည်တို့ဖြစ်ပါသည်။ သူတို့က တရုတ်နှင့် ကမ္ဘာ ကူးလူးဖလှယ်သော ချစ်ကြည်ရေး ပေါင်းကူးတံတားကို တည်ဆောက်ထားပါသည်။

အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံဖြစ်သည့် ဆေရှဲနိုင်ငံသည် အာဖရိကတိုက် အကျယ်အဝန်း အနည်းဆုံး နိုင်ငံဖြစ်ပါသည်။ ပြည်မကြီးနှင့် ဝေးကွာသဖြင့် ဆေရှဲနိုင်ငံ ဒေသခံ ဆေးဝါးကုသမှုအခြေအနေမကောင်းသကဲ့သို့ ဆရာဝန်လည်း နည်းပါးပြီး ၉၀ ရာခိုင်နှုန်း သော ဆရာဝန်သည် နိုင်ငံခြားသားဖြစ်ပါသည်။ ၄င်းအနက် ဆေရှနိုင်ငံ ကူညီထောက်ပံ့ရေး တရုတ်ဆေးဝါးကုသရေးအဖွဲ့သည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။၁၉၈၆ ခုနှစ်မှ ယခုအထိ တရုတ်နိုင်ငံသည် ဆေရှဲသို့ ဆေးဝါးကုသရေးအဖွဲ့ ၁၇ သုတ်ကို စေလွှတ်ခဲ့ပြီး အလွန်ကျွမ်းကျင်သော ဆေးဝါးကုသရေး အတတ်ပညာဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို အာမခံပေးပြီး တရုတ်-ဆေရှဲ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တက်ကြွစွာ အကျိုးပြုစွမ်းဆောင်ခဲ့ပါသည်။