梅皓

အချင်းဖြစ်ပွားရာ ဒေသများ၏ အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွင် တရုတ် ပိုမိုနက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ဟု နိုင်ငံတကာ အဖွဲ့အစည်းမှ အရာရှိဆို

(GMT+08:00)2020-01-19 10:48:32  

  အချင်းဖြစ်ပွားရာ ဒေသ၏ အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့(ALIPH) အမှုဆောင် ဒါရိုက်တာ ဗာလယ်ရီ ဖရေလန်က ALIPH၏ အရေးကြီး အဖွဲ့ဝင် ဖြစ်သည့် တရုတ်ပြည်သည် အချင်းဖြစ်ပွားရာ ဒေသများတ၏ အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ မိမိသည် တရုတ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းဌာနများ အနေနှင့် အချင်းဖြစ်ပွားရာ ဒေသများ၏ အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း မကြာခင်က ပီကင်းတွင် ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရသည်။