徐敏霞

မြန်မာလို နောက်ခံစကားပြော တရုတ်ရုပ်မြင်သံကြားဇာတ်လမ်းတွဲ “ပျော်ရွှင်မှု ရှာပုံတော်”၏ သရုပ်ဆောင်များသည် မြန်မာ ပရိသတ်များနှင့် တွေ့ဆုံပွဲ ပြုလုပ်

(GMT+08:00)2020-01-16 10:06:28  

မြန်မာနိုင်ငံ၌ ပြသနေဆဲ မြန်မာလို နောက်ခံစကားပြော တရုတ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ “ပျော်ရွှင်မှု ရှာပုံတော်”၏ သရုပ်ဆောင်များနှင့် သက်ဆိုင်ရာတို့သည် ယခုလ ၁၅ ရက်နေ့က မြန်မာ ပရိသတ်များနှင့် တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပါသည်။

ယင်းရုပ်သံဇာတ်လမ်းတွဲကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့က မြန်မာ MRTV ၌ စတင် ပြသခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလက စတင် ပြသခဲ့သည့် အခြားသော မြန်မာလို နောက်ခံစကားပြော တရုတ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ “ခွန်အားများနဲ့ နေ့သစ်ဆီ”နှင့် အတူ မြန်မာပရိသတ်များအား တရုတ်လူငယ်များက လူ့ဘဝလမ်းစဉ် အိပ်မက်များ ဖေါ်ဆောင်ရန်အတွက် ခွန်အားစိုက် ကြိုးပမ်းဆောင်ရွက်သည့် အကြောင်းများကို ဖေါ်ပြထားပါသည်။

“ပျော်ရွှင်မှု ရှာပုံတော်”၏ အဓိက သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ယန်စီက၊ ပထမဆုံးအကြိမ် မြန်မာပြည်ကို လာရောက်သည့်အတွက် အလွန် ဝမ်းသာပါကြောင်း၊ ယခုအကြိမ် မိမိတို့ သရုပ်ဆောင်ကြသည့် ရုပ်သံဇာတ်လမ်းတွဲ “ပျော်ရွှင်မှု ရှာပုံတော်”ကို မြန်မာနိုင်ငံ၌ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ ပြုလုပ်ခွင့်ရသည့်အတွက် လွန်စွာ ဂုဏ်ယူမိပါကြောင်း ပြောကြားပါသည်။ (ကျော့)