徐敏霞

မြန်မာလို နောက်ခံစကားပြော တရုတ်ရုပ်သံဇာတ်လမ်းတွဲများသည် မြန်မာ ပရိသတ်များအတွက် တရုတ်ပြည်အကြောင်း နားလည်ရန် ပြတင်းပေါက် ဖွင့်ပေး

(GMT+08:00)2020-01-15 09:58:40  

图片默认标题_fororder_yizhi1

图片默认标题_fororder_yizhi2

ယခုလ ၁၂ ရက်နေ့က China Media Group လက်အောက်ခံ တရုတ်နှင့်မြန်မာ ရုပ်ရှင် ရုပ်မြင်သံကြား ဘာသာပြန် ထုတ်လုပ် ပြုစုရေးဌာနက ဘာသာပြန် ထုတ်လုပ်သော ရုပ်မြင်သံကြားဇာတ်လမ်းတွဲ “ခွန်အားများနဲ့ နေ့သစ်ဆီ”ကို မြန်မာနိုင်ငံ အကြီးဆုံး စီးပွါးဖြစ် ရုပ်မြင်သံကြားဌာနဖြစ်သည့် Sky Net ချန်နယ်တွင် စတင် ပြသခဲ့ပါသည်။ ထို့ပြင် China Media Group သည် Sky Net ၏ ဗဟုသုတ ချန်နယ်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ယခုလ ၁၅ ရက်နေ့မှ စ၍ China Hour မှတ်တမ်းတင်ကားများ ရက်သတ္တပတ်သီတင်းပတ် လှုပ်ရှားမှုကိုလည်း ပြုလုပ်နေပါသည်။

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ နှစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုတွင်လည်း အောင်ကျိုးရလဒ်များကို ရရှိခဲ့ပါသည်။ တရုတ် ရှင်ရှင်ကားနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကို မြန်မာလို ဘာသာပြန် ထုတ်လုပ်ပြုစုခြင်း၊ တရုတ် ရုပ်ရှင် ပွဲတော်၊ “လေဟာပြင် ရုပ်ရှင်ရုံ” အပါအဝင် လုပ်ငန်းစဉ်များကို ချောမောစွာ ဖေါ်ဆောင်နေခဲ့ပါသည်။ ယင်းတို့သည် မြန်မာ ပြည်သူလူထုများအတွက် တရုတ်ပြည် အကြောင်း နားလည်သိရှိရန် ပြတင်းပေါက် တစ်ချပ်ကို ဖွင့်ပေးပါသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။ (ကျော့)