辛甜

မြန်မာဘာသာဖြင့် “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ” အစီအစဉ်များကို Skynet ရုပ်သံတွင် စတင်ထုတ်လွှင့်

(GMT+08:00)2020-01-15 21:38:44  

မြန်မာနိုင်ငံသို့ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ခရီးလှည့်လည်ရန် မထွက်ခွါမီ ယခုလ ၁၄ရက်နေ့က မြန်မာဘာသာဖြင့် “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ” အစီအစဉ်များ Skynet ရုပ်သံတွင် စတင်ထုတ်လွှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း China Media Group မှ သတင်းအရ သိရသည်။

Skynet ရုပ်မြင်သံကြားဌာန Knowledge ချန်နယ် ဒါရိုက်တာ ဦးသိန်းသန်းဦးက

“ကျွန်တော်မှတ်တမ်းရုပ်ရှင်ကြည့်တဲ့အခါမှာ အလွန်ပဲကောင်းပါတယ်။ လေ့လာမှတ်သားစရာအများကြီးရှိပါတယ်။ လူ့လောက ဖြတ်သန်းရတဲ့အခါမှာ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ ကိုယ်တွေးခေါ်တဲ့ပုံစံတွေမှာ အများကြီး အထောက်အကူပြုတယ်လို့ ထင်ပါတယ်။ တရုတ်သမ္မတမစ္စတာရှီကျင့်ဖိန် မြန်မာနိုင်ငံကို လာရောက်တဲ့အခါမှာ ကျွန်တော်တို့ ရွှေသံလွင်မီဒီယာကနေပြီးတော့မှ သတင်းပိုင်းမှာလည်း အလုံးစုံလိုက်ပါမယ်။ သမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံမှာရှိတဲ့အချိန်လုပ်တဲ့ နိုင်ငံ့ခေါင်းဆောင် များနဲ့တွေ့တဲ့အကြောင်းအရာများကိုလည်း ကျွန်တော်တို့က အကုန်လုံး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ရှီကျင့်ဖိန်လာတဲ့အချိန်မှာလည်း ဒီနှစ်က တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့်မြောက်တဲ့နှစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒီနှစ် (၇၀)ပြည့်မြောက်ခြင်းကို အဲဒီအတွက် ကျွန်တော်တို့က Program တစ်ခုလုပ်ထားပါတယ်။ ဆွေမျိုးပေါက်ဖော်ဆိုပြီးတော့မှ တရုတ်မြန်မာဆက်ဆံရေးစခဲ့တဲ့ နှစ်ကနေစပြီးတော့မှ နှစ် (၇၀) ပြည့်တဲ့အချိန်မှာ လုပ်ခဲ့တဲ့အကြောင်းအရာအားလုံးကို ကျွန်တော်တို့ မှတ်တမ်းတင်ရုပ်ရှင်အနေနဲ့ Program လေးလုပ်ထားတာ ရှိပါတယ် ”ဟုပြောကြားပါသည်။

မြန်မာနိုင်ငံ ရန်ကုန်မီဒီယာအုပ်စု ဥက္ကဋ္ဌ ဦးကိုကိုက “ ကြည့်တဲ့သူနှလုံးသားကို ထိခိုက်တယ်။ မစ္စတာရှီကျင့်ဖိန်ကျတော့လည်း ထိုနည်းလည်းကောင်းပဲ ရှေးဟောင်းစာပေတွေထဲက ဟာတွေကို ယူပြီးတော့ တစ်ခါ တစ်ခါ ပြောတာရှိပါတယ်။ အတိတ်ကသင်ခန်းစာတွေကိုယူပြီး ပစ္စုပ္ပာန်မှာ ကောင်းအောင်လုပ်ဖို့ လမ်းညွှန်တယ်။ ပစ္စုပ္ပာန်ရဲ့ကောင်းမွန်မှုတွေသည် အနာဂတ်ခရီးကို သာယာအောင် လုပ်ကြရအောင်ဆိုတဲ့ သဘောလေးတွေ သူပြောတာတွေ့ရှိတယ် ”ဟုပြောကြားသည်။