徐敏霞

၂၀၁၉ ခုနှစ်တွင် တရုတ်ပြည် မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၃၅ သိန်း ၂ သောင်းကျော် တိုးလာ

(GMT+08:00)2020-01-15 09:54:33  

၂၀၁၉ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံး အလုပ်အကိုင်နေရာချထားရေး အခြေအနေသည် ခြုံပြီးကြည့်လျှင် တည်ငြိမ်ပါကြောင်း၊ မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၃၅ သိန်း ၂ သောင်းကျော် တိုးလာပြီး နှစ်ကုန်ပိုင်းတွင် မှတ်ပုံတင် မြို့ပြ အလုပ်လက်မဲ့မှုနှုန်းမှာ ၃့ ၆၂ ရာခိုင်နှုန်း ဖြစ်ကာ ရည်မှန်းချက်ပါ တာဝန်များကို ဘက်စုံ အကောင်အထည်ဖေါ် ဆောင်ရွက်ပြီ ဖြစ်ကြောင်း၊ ယင်းတို့အနက် တက္ကသိုလ်ဘွဲ့ရ ကျောင်းသားကျောင်းသူများ၊ မြို့ပေါ်တက် အလုပ်လုပ်ကြသည့် လယ်သမားများ အပါအဝင် လူအုပ်စုများ၏ အလုပ်အကိုင်နေရာရရှိမှု အခြေအနေသည် အခြေခံအားဖြင့် ပုံမှန် ဖြစ်နေကြောင်း တရုတ် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှု အာမခံရေး ဝန်ကြီးဌာနမှ သတင်းကို ကိုးကား၍ China Media Group သတင်းတွင် ရေးသားဖေါ်ပြထားပါသည်။

၂၀၁၉ ခုနှစ် နှစ်ကုန်အထိ စာရင်းအရ တရုတ်ပြည်တွင် ပင်စင်အာမခံ ပြုသူ ၉၆၇ သန်း၊ အလုပ်လက်မဲ့မှု အာမခံ ပြုသူ၂၀၅ သန်း၊ လုပ်ငန်းခွင် ဒဏ်ရာရရှိမှု အာမခံ ပြုသူ ၂၅၅ သန်း အသီးသီးရှိခဲ့ပြီဟု သတင်း ရရှိပါသည်။ (ကျော့)