梅皓

မြန်မာဘာသာဖြင့် “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ” အစီအစဉ်များကို Skynet ရုပ်သံတွင် စတင်ထုတ်လွှင့်

(GMT+08:00)2020-01-14 21:00:38  

  မြန်မာနိုင်ငံသို့ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ခရီးလှည့်လည်ရန် မထွက်ခွါမီ ယခုလ ၁၄ရက်နေ့က မြန်မာဘာသာဖြင့် “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ” အစီအစဉ်များ Skynet ရုပ်သံတွင် စတင်ထုတ်လွှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

图片默认标题_fororder_1

  “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ” အစီအစဉ်များကို China Media Groupမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ အစီအစဉ်များတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်း၊ ဆောင်းပါးနှင့် စကား ပြောကြားချက်များတွင် ထုတ်နုတ်ကိုးကားသည့် တရုတ် ဂန္ထဝင်စာသားများပါ လူသိများသော စကားမွန်နှင့် ပုံပြင်များကို အကွက်စေ့စေ့ ရွေးယူကာ ကောင်းမွန်ထူးချွန် သော တရုတ်ရိုးရာ ယဉ်ကျေးမှု အပေါ် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ နက်ရှိုင်းသော သိရှိနားလည်မှုနှင့် ယင်းဂန္ထဝင်စာသားများမှ တိုင်းပြည် စီမံအုပ်ချုပ်ရေး ဥာဏ်စွမ်းဥာဏ်စ များရရှိရန် ကြံဆချက်ကို အသက်ဝင်အောင် ဖော်ပြထားကြောင်း၊ “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ”ကို အင်္ဂလိပ်၊ ဂျပန်၊ စပိန်၊ အီတလီ၊ အိန္ဒိယနှင့် နီပေါစသည့် ဘာသာများဖြင့် ဘာသာပြန်ထားပြီး အထက်ပါ နိုင်ငံများတွင် ထုတ်လွှင့်ကာ ၄င်းနိုင်ငံများမှ ပရိသတ်များ၏ ကျယ်ပြန့်သော အာရုံစူးစိုက်မှုနှင့် ချီးကျူးခြင်းများ ရရှိခဲ့ကြောင်း သိရသည်။

图片默认标题_fororder_3

  မြန်မာ ပရိသတ်များအား တရုတ် ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်စေရန် အတွက် ၄င်းစတင်ထုတ်လွှင့်ပွဲ အခမ်းအနားတွင် China Media Groupနှင့် Skynet ရုပ်သံတို့သည် မြန်မာ ယဉ်ကျေးမှု ဆိုင်ရာ ပညာရှင်များကို အထူးဖိတ်ခေါ်ပြီး “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ”ဆိုင်ရာ အထူးအစီအစဉ်ကို ထုတ်လုပ်ကာ မြန်မာ၊ အထူးသဖြင့် မြန်မာ လူငယ်များ အပေါ် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ထုတ်နုတ်ကိုးကားသည့် တရုတ် ဂန္ထဝင်စာသားများ၏ အသိဥာဏ် ဖွင့်ပေးမှုကို စူးစမ်းလေ့လာကြောင်း၊ အခမ်းအနားတွင် China Media Groupမှ ဘာသာပြန်ထုတ်လုပ်သည့် မြန်မာဘာသာဖြင့် “ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္တဝင်စာသားများ” စာအုပ် ထုတ်ဝေဖြန့်ချိပွဲ အခမ်းအနား ကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

图片默认标题_fororder_2

  Skynet ရုပ်သံ  Senior Executive Director Dr.Thein Than Ooက “လေ့လာမှတ်သား တရုတ်ဂန္ထဝင်စာသားများ” အစီအစဉ်များသည် ကောင်းမွန်စွာ ထုတ်လုပ်သည့် အစီအစဉ်များ ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန် နှစ်သက် သဘောကျသော  တရုတ် ဂန္ထဝင်စာသားနှင့် ကဗျာများကို မိတ်ဆက်ပေးခြင်းဖြင့် မြန်မာ ပရိသတ်များ အတွက် တရုတ် ယဉ်ကျေးမှုနှင့် တရုတ်ထိပ်သီးခေါင်းဆောင်ကို သိရှိနားလည်စေရန် ရှုထောင့်သစ်ကို ဖန်တီးပေးကြောင်း ပြောကြားသည်။

图片默认标题_fororder_4

图片默认标题_fororder_5

图片默认标题_fororder_6

图片默认标题_fororder_7