ပီကင်းမှ ကျန်းကျားခိုအထိ မြန်နှုန်းမြင့်ရထားလမ်းသည်၊ ယခုလ ၃၀ ရက်နေ့က တရားဝင် စတင်လည်ပတ်ခဲ့ပြီး၊ ရထားလမ်း၏ လမ်းခွဲဖြစ်သည့် ချုံလီ-ရထားလမ်း သည်လည်း စတင်လည်ပတ်ခဲ့ကြောင်း၊ ယင်းရထားလမ်းများသည်၊ ပီကင်း၊ ထျန်းကျင်းနှင့် ဟိုပေ တစ်ပြေးညီဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည့်အပြင်၊ ၂၀၂၂ ခုနှစ် ပီကင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်၏ လမ်းပန်းဆက်သွယ်ရေးဝန်ဆောင်မှုအတွက် အာမခံပေးမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရသည်။