马宁

ရှီကျင့်ဖိန်သည် ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2019-12-24 14:33:04  

图片默认标题_fororder_1

  ၂၃ရက်နေ့က ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇို အာဘေးနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်-ဂျပန် ဆက်ဆံရေးသည် အရေးကြီး ဖွံ့ဖြိုးရေး အခွင့်ကောင်းနှင့် ကြုံနေရကြောင်း၊ ခေတ်သစ် တရုတ်-ဂျပန် ဆက်ဆံရေးကို စီမံခန့်ခွဲရေးအတွက် နှစ်ဖက်တို့အနေနှင့် မဟာဗျူဟာ သဘောတူညီချက်ကို သတ်မှတ်ပြီး မှန်ကန်သော ဦးတည်ချက်ကို စွဲကိုင်၍ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ယဉ်ကျေးမှုစသောနယ်ပယ်များ၌ အားဖြည့် ကူးလူး ဖလှယ်ပြီး လုံခြုံရေးဆိုင်ရာ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ကာ နိုင်ငံတကာ ရေရာများတွင် တာဝန်ယူတတ်သောသဘောထားကို ပြသရန်လိုကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

图片默认标题_fororder_2

  ဂျပန်နိုင်ငံအနေနှင့် နှစ်ဖက်တို့သည် စီးပွားကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံရေး၊ ဆန်းသစ်တီထွင်ရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု နှင့် အားကစားစသော နယ်ပယ်များ၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်ရန် မျှော်လင့်ကြောင်း၊ ဂျပန်နိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့်အတူ တတိယဖက်ဈေးကွက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေးပြီး ဒေသတွင်းပြဿနာများနှင့်ပတ်သက်၍ အားဖြည့် ကူးလူးဖလှယ်၍ ညှိနှိုင်းဆွေးနွေးလိုကြောင်း ရှင်ဇို အာဘေးက ပြောကြားခဲ့ပါသည်။