李悦

မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် ညီလာခံသို့ ရှီကျင့်ဖိန် တက်ရောက် မိန့်ခွန်းပြောကြား

(GMT+08:00)2019-12-20 15:36:15  

图片默认标题_fororder_12

图片默认标题_fororder_6

图片默认标题_fororder_7

မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် ညီလာခံသို့ ရှီကျင့်ဖိန် တက်ရောက် မိန့်ခွန်းပြောကြား-(၁)

----------------------------

     မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက် သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် ညီလာခံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ ၅ ကြိမ်မြောက် အစိုးရ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို  ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက မကာအို အရှေ့အာရှ အားကစားပွဲတော် အားကစားရုံ၌ ခမ်း​နား​သိုက်​မြိုက်စွာ ကျင်းပကြောင်း၊ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယင်းညီလာခံသို့ တက်ရောက်ပြီး၊ အရေးကြီးမိန့်ခွန်းပြောကြား ကြောင်း China Media Group ကဖော်ပြသည်။

 

 မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ရန် Ho Iat Seng  ကျမ်းသစ္စာ ကျိန်ဆို (၂)

မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက် သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် ညီလာခံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ ၅ ကြိမ်မြောက် အစိုးရ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို  ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက မကာအို၌ ကျင်းပကြောင်း၊ ရှီကျင့်ဖိန်၏ ကြီးကြပ်မှုအရ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ရန် Ho Iat Seng က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း၊ ရှီကျင့်ဖိန်၏ ကြီးကြပ်မှု အရ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ ၅ ကြိမ်မြောက် အစိုးရမှ အဓိက အရာရှိများသည်၊ Ho Iat Seng ၏ ဦးဆောင်မှုဖြင့် ကျမ်းသစ္စာကျိန်ဆိုကြပြီးနောက်၊ Ho Iat Seng ၏ ကြီး ကြပ်မှုအရ မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်​ချုပ်​ရေး​ကော်​မတီဝင်များသည် ၊ ကျမ်းသစ္စာကျိန်ဆိုကြကြောင်း China Media Group ကဖော်ပြသည်။

 

အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် နှစ် ၂၀အတွင်း မကာအိုသည် အကောင်း ဆုံးသော သမိုင်းကာလတွင် ရှိနေဟု ရှီကျင့်ဖိန် ဆို(၃)

-----------------------------

မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် ညီလာခံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ ၅ ကြိမ်မြောက် အစိုးရ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားတွင် ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်းထုတ်ပြန်ခဲ့ရာ၌၊ အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် နှစ် ၂၀ အတွင်း မကာအိုက သမိုင်းတွင် အကောင်းဆုံး သော ဖွံ့ဖြိုးရေးအခြေအနေကို ဖန်တီးခဲ့ပြီဟု အတည်ပြုခဲ့ကြောင်း China Media Group ကဖော်ပြသည်။

 

“တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” စနစ် ဆိုင်ရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တစ်လျှောက်လုံး ခိုင်မာပြတ်သားစွာ စွဲကိုင်ခြင်းသည် မကာအို၏ အောင်မြင်မှု အတွေ့အကြုံဖြစ်ဟု ရှီကျင့်ဖိန်ဆို(၄)

------------------

ရှီကျင့်ဖိန်က အမိနိုင်ငံရင်ခွင်သို့ ပြန်လည် ဝင်ရောက်လာသည့် နောက်ပိုင်းတွင် မကာအို၏ အောင်မြင်မှုသည် “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” စနစ် ဆိုင်ရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအား တစ်လျှောက်လုံး ခိုင်မာပြတ်သားစွာ စွဲကိုင်လျှင် ”တိုင်း ပြည်တစ်ပြည်၊ စနစ်နှစ်မျိုး”၏ ရှင်သန်မှုနှင့် အားသာချက်ကို အပြည့်အဝ ပြသနိုင်မည်ကို ပြဆိုနေကြောင်း ၂၀ရက်နေ့က ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

 

မကာအိုသည် တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး မှန်ကန်သောဦးတည်ချက်ကို တစ်လျှောက်လုံး တိကျမှန်ကန်စွာ ကျင့်သုံးလျက်ရှိသည်ဟု ရှီကျင့်ဖိန်ဆို (၅)

 ---------------------------

ဥက္ကဋ္ဌရှီကျင့်ဖိန်က မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ပြီးနောက် အောင်မြင်မှုရရှိခြင်းသည် တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး မှန်ကန်သောဦးတည်ချက်ကို တစ်လျှောက်လုံး တိကျမှန်ကန်စွာ ကျင့်သုံးခြင်းကြောင့်ဖြစ်ကြောင်း၊ မကာအို မွေးချင်း ပေါက်ဖေါ်များက “တိုင်းပြည်တစ်ပြည်”သည် “စနစ်နှစ်မျိုး”၏ ကြိုတင်လိုအပ်ချက်နှင့် အခြေခံဖြစ်သည်ဟု နက်ရှိုင်းစွာ အသိအမှတ်ပြုပြီး  ဗဟိုနှင့် အထူးအုပ်ချုပ်ရေးဒေသ ဆက်ဆံရေးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းကြောင်း ပြောကြားပါသည်။

 

 

မကာအိုသည် “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” အစဉ်တစ်စိုက် အား​ဖြည့်​ကျင့်သုံးနေဟု  ရှီကျင့်ဖိန် ဆို(၆)

--------------------------------

ရှီကျင့်ဖိန်က တိုင်း​ပြည်​အ​ရှင်​သ​ခင်​ဖြစ်​လာပြီး တိုင်း​ရေး​ပြည်​ရာ​တွင်​ ပါ​ဝင်​ဆောင်​ရွက်​ ခဲ့ကြသည့် မကာအို မွေးချင်းပေါက်ဖော်များအနေနှင့် သမိုင်းခေတ်ကာလမှ ပေးအပ်သော တာဝန်ဝတ္တရားများကို ကျပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်ဟု မကာအို၏ အောင်မြင်သော အတွေ့အကြုံက ပြဆိုနေကြောင်း၊ မကာအို မွေးချင်း ပေါက်ဖော်များသည်၊ နိုင်ငံတော်၏ အကျိုးစီးပွားတစ်ခုလုံးနှင့် မကာအို၏ အရင်းခံ အကျိုးစီးပွားရပ်တည်ချက်မှနေ၍ စဉ်းစားပြီး၊ ”တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး”၊ “မကာအိုကို မကာအိုသားများ စီမံအုပ်ချုပ်ရေး”၊ အဆင့်မြင့်စွာ ကိုယ်ပိုင်အုပ်ချုပ်ရေး”ကို အောင်မြင်စွာ ကျင့်သုံးခြင်းကို တူညီသော တာဝန်ဝတ္တရားအဖြစ် ထားရှိခဲ့ကြကြောင်း ယခုလ ၂၀ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်း အရသိရသည်။

 

မကာအိုသည် ”တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” ဆိုင်ရာ လူမှုရေးနှင့် နိုင်ငံရေး အခြေခံ အုတ်မြစ်ကို ခိုင်မာစေရန် တစ်လျှောက်လုံး ဆောင်ရွက်နေသည်ဟု ရှီကျင့်ဖိန်ဆို(၇)

-------------------------------

ရှီကျင့်ဖိန်က ၂၀ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် မကာအို မွေးချင်းပေါက်ဖော် များသည် တိုင်းချစ်ပြည်ချစ် အစဉ်အလာရှိပြီး တရုတ် အမျိုးသား အတွက် ဂုဏ်ယူမိကြောင်း၊ ယင်းသည် ”တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး”ကို မကာအိုတွင် အောင်မြင်စွာ လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်သည့် အရေးကြီး အကြောင်းရင်း ဖြစ်ကြောင်း၊ မကာအို အထူးအုပ်ချုပ်ရေး ဒေသ အစိုးရနှင့် အလွှာပေါင်းစုံတို့သည် တိုင်းချစ်ပြည်ချစ် အစဉ်အလာ ပြန့်ပွားစေရေးကို အလွန် အလေးထားပြီး ”မကာအိုကို မကာအိုသူ မကာအိုသားများကသာ စီမံခန့်ခွဲရေး”အား ပြတ်သားစွာ လက်တွေ့ ကျင့်သုံးဖော်ဆောင်၍ တိုင်းချစ်ပြည်ချစ်၊ မကာအိုချစ် အင်အားများသည် တစ်နေ့တခြား ဖွံ့ဖြိုးကြီးထွားလာကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

 

ရှီကျင့်ဖိန်သည် မကာအိုအထူးအုပ်ချုပ်ရေးဒေသ အနာဂတ်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ မျှော်လင့်ချက် ၄ ရပ်တင်ပြ(၈)

-------------------- 

ဥက္ကဋ္ဌရှီကျင့်ဖိန်က တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး လုပ်ငန်းတာဝန် ကြီးလေးကြောင်း၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရသစ်နှင့် အလွှာပေါင်းစုံတို့အား စီမံခန့်ခွဲရေးအဆင့် အတန်းကို တစ်ဆင့်တိုးမြှင့်ပြီး စီးပွားရေး ဆက်တိုက် ရှင်သန်စွာ ဖွံ့ဖြိုးရေးကို တစ်ဆင့်တိုးတွန်းအားပေးကာ ပြည်သူ့နေထိုင်မှု တစ်ဆင့်တိုး အာမခံပေးပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်၍ လူမှု တည်ငြိမ်ရေးနှင့်သင့်မြတ်သာယာရေးကို တစ်ဆင့်တိုးတွန်းအားပေးပြီး အထူးအုပ်ချုပ်ရေးဒေသ ဖွံ့ဖြိုးရေး အဆင့်သစ်သို့ ရောက်ရှိဖို့ တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

 

 

ဟောင်ကောင်နှင့် မကာအိုရေးရာများတွင် ပြင်ပအင်အားတစ်စုစုမှ ဝင်ရောက်စွက်ဖက်ခြင်း ကို တစ်ပြားသားမှ ခွင့်မပြုဟု ရှီကျင့်ဖိန် ဆို(၉)

--------------------------

ရှီကျင့်ဖိန်သည်၊ ယခုလ ၂၀ ရက်နေ့ကကျင်းပသည့်  မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် ညီလာခံ၊ မကာအို အထူး အုပ်ချုပ်ရေးဒေသ ၅ ကြိမ်မြောက် အစိုးရ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှီကျင့်ဖိန်က ဟောင်ကောင်နှင့် မကာအို  အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့်နောက်ပိုင်းတွင် ယင်းအထူးအုပ်ချုပ်ရေးဒေသ ၂ ခု၏ရေးရာများ သည်၊ တရုတ်ပြည်၏ ပြည်တွင်းရေးကိစ္စသတ်သတ်ဖြစ်ပြီး၊ ပြင်ပအင်အားတစ်စုစုမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးမှု အကျိုးစီးပွားများ ထိန်းသိမ်းကာကွယ်ရေးအတွက် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ၏ ဇွဲ​သတ္တိမှာ  ကျောက်​သား​ပ​မာ​ သိပ်​သည်း​ခိုင်​မာ​ကြောင်း ပြောကြားခဲ့ သည်ဟု China Media Group မှ သတင်းအရသိရသည်။