李悦

IAEA ၏လုပ်ငန်းများကိုတရုတ်ပြည်က အမြဲထောက်ခံအားပေးကြောင်း တရုတ် ကိုယ်စားလှယ်ဆို

(GMT+08:00)2019-12-03 15:53:11  

    ဗီယင်နာမြို့ရှိ ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ် ဝမ်ချွင်က တရုတ်ပြည်အနေနှင့် ယခင်သဘောထားအတိုင်း နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ လုပ်ငန်းများကို တစ်လျှောက်လုံး ပြတ်ပြတ်သားသား ထောက်ခံအားပေးမည်ဖြစ်ကြောင်း၊ IAEA ဒါရိုက်တာချုပ်သစ် ဂရိုစီ၊ IAEA အတွင်းရေးမှူး ဌာနနှင့် နွေးထွေးစွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း မျှော်လင့်ပါကြောင်း ယမန်နေ့ ၂ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။