张晓宁

သြစတြေးလျလုပ်ငန်းကုမ္ပဏီများသည် တတိယအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင်ပါဝင်ရန် အမည်စာရင်းတင်သွင်းကြ

(GMT+08:00)2019-12-03 16:01:55  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂ရက်နေ့က တတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲမိတ်ဆက်ပွဲကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့သည်။ ယင်းမိတ်ဆက်ပွဲစီစဉ်သူ၏ပြောကြားချက်အရ ပြီးခဲ့သည်နှစ်ကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို အဆင်ပြေကောင်းမွန်စွာကျင်းပနိုင်ပြီး အောင်ကျိုးရလဒ်များစွာရရှိခဲ့သဖြင့် သြစတြေးလျလုပ်ငန်းကုမ္ပဏီများသည် တတိယအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင်ပါဝင်ရန် တက်တက်ကြွကြွ အမည်စာရင်းတင်သွင်းကြကြောင်း၊ ယခုအထိ ကုမ္ပဏီ ၃၅ခုအမည်စာရင်း တင်သွင်းပြီးဖြစ်ကာ ချုပ်ဆိုခဲ့ပြီးသောပြခန်း ​ဧ​ရိ​ယာအကျယ်အဝန်းမှာ စတုရန်းမီတာ ၃၀၀၀ကျော်ရှိကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။