梅皓

အကြမ်းဖက် လှုပ်ရှားမှုကို အားပေးပြီး ဟောင်ကောင်ကို ဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်း သည် လူအများ၏ လိုလားမှုနှင့် ဖီလာဆန့်ကျင်

(GMT+08:00)2019-12-03 15:27:54  

  ဟောင်ကောင်တွင် အကြမ်းဖက် လှုပ်ရှားမှုနှင့် အခြေအနေ ရှုပ်ထွေးမှု ရပ်စဲရန်နှင့် ငြိမ်ဝပ်ပိပြားမှု ပြန်လည်ရရှိရန် သော့ချက်ကျသော အခါသမယတွင် အမေရိကန် ဘက်မှ  ”ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေကြမ်း”ကို အတည်ပြုခြင်း သည် အကြမ်းဖက် လှုပ်ရှားမှု ဆောင်ရွက်သူများကို အားပေးခြင်း ဖြစ်ကြောင်း၊ ၄င်း၏ ဟောင်ကောင်ကို ဒုက္ခရောက်စေရန်နှင့် တရုတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဟန့်တားရန် ကြံစည်ချက်သည် ရှင်းရှင်းလင်းလင်း ပေါ်လာကြောင်း China Media Groupက ဖော်ပြသည်။

  ဟောင်ကောင် အခြေအနေ ရှုပ်ထွေးမှုတွင် အကြမ်းဖက်မှု ဆောင်ရွက်သူများအား ငွေကြေးထောက်ပံ့မှု ပေးသည့် အမေရိကန် အမျိုးသား ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့သည် လွန်ခဲ့သည့် နှစ်များက နိုင်ငံ ၁၀၀ကျော်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ဗန်းပြပြီး အကြမ်းဖက် လှုပ်ရှားမှုနှင့် ဆူပူမှုများကို သွေးထိုးလှုံ့ဆော် အားပေးခဲ့ကြောင်း China Media Groupက ဖော်ပြသည်။

  လက်ရှိအချိန်တွင် ဟောင်ကောင်သည် တည်ငြိမ်မှုနှင့် ငြိမ်ဝပ်မိပြားမှု ပြန်လည် ရရှိရန် အပူတပြင်း လိုအပ်နေကြောင်း၊ အကြမ်းဖက် လှုပ်ရှားမှုကို အားပေးပြီး ဟောင်ကောင်ကို ဒုက္ခရောက်စေရန် အမေရိကန်၏ လုပ်ဆောင်ခြင်းသည် ဟောင်ကောင် မွေးချင်း ပေါက်ဖော်များ အပါအဝင် တရုတ်ပြည်သူ ၁့၎ဘီလီယံနှင့် နိုင်ငံတကာ မိသားစုကြီးမှ ပြစ်တင်ရှုတ်ချခြင်း ခံရမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။