梅皓
ယန်စီမြစ် မြစ်ဝကျွန်းပေါ် ဒေသကို တရုတ်တံခါးဖွင့်မှု ကောင်းမွန်စွာ ကျင့်သုံးသည့် စံပြဒေသ အရှိန်မြှင့် ဖြစ်လာအောင် တွန်းအားပေး
(GMT+08:00)2019-12-03 15:29:02  
  မကြာခင်က တရုတ်ပြည်သည် ”ယန်စီမြစ် မြစ်ဝကျွန်းပေါ် ဒေသ တစ်ပြေးညီ ဖြစ်စေရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်”ကို ထုတ်ပြန်ခဲ့ရာ လာမည့် ၅နှစ်မှ ၁၅နှစ်တွင် ရှန်ဟိုင်း၊ ကျန်းစူး၊ ကျဲ့ကျန်းနှင့် အန်းဟွေး အပါအဝင် ယန်စီမြစ် မြစ်ဝကျွန်းပေါ် ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ စီစဉ်ပေးထားကြောင်း၊ ယန်စီမြစ် မြစ်ဝကျွန်းပေါ် ဒေသသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး အတွက် အဓိက အင်အား ဆက်လက် ဖြစ်မည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။
  ယန်စီမြစ် မြစ်ဝကျွန်းပေါ် ဒေသ၏ နယ်မြေ ဧရိယာ အကျယ်အဝန်းသည် တရုတ်ပြည် တစ်ပြည်လုံး၏ ၄ရာခိုင်နှုန်းပင် ရှိကြောင်း၊ သို့သော် ၄င်းဒေသ၏ စီးပွားရေး ပမာဏသည် တစ်ပြည်လုံး စုစုပေါင်း ပမာဏ၏ ၄ပုံ၁ပုံခန့် ရှိကြောင်း၊ အနာဂတ်တွင် ၄င်းဒေသသည် တရုတ်ပြည်၏ အကြိမ်သစ် တံခါးဖွင့်မှု မူဝါဒ ကျင့်သုံးရေးတွင် စမ်းသပ်မှု ပြုလုပ်မည့် အရေးကြီး ဒေသ ဖြစ်ပြီး ပြည်ပတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အဆင့်တိုးမြင့်ရန် အားကောင်းစွာ တွန်းအားပေးကာ တရုတ်ပြည်တွင် ကောင်းမွန်သည့် စီးပွားကုန်သွယ်ရေး လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ဖန်တီးပေးရေး၌ စံပြအဖြစ် ရှိမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။