梅皓

ဟောင်ကောင်ရေးရာတွင် ဝင်ရောက်စွက်ဖက်ပြီး တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရန် အမေရိကန်၏ ကြံစည်ချက်သည် ရှုံးနိမ့်သွားမည်မှာ မုချမလွဲဖြစ်သည်ဟု ဟောင်ကောင် အလွှာပေါင်းစုံက ဖော်ပြ

(GMT+08:00)2019-12-03 15:30:25  

  အမေရိကန်သည် ”ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေကြမ်း”ကို အတည်ပြုခဲ့ကြောင်း၊ ဟောင်ကောင်ရေးရာတွင် ဝင်ရောက်စွက်ဖက်ပြီး တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းချုပ်ဟန့်တားရန် အမေရိကန်၏ ကြံစည်ချက်သည် ရှုံးနိမ့်သွားမည်မှာ မုချမလွဲဖြစ်သည်ဟု မကြာခင် ရက်များက ဟောင်ကောင် အလွှာပေါင်းစုံက အသီးသီး ဖော်ပြကြောင်း CCTV.COMမှ သတင်းအရ သိရသည်။

  အမေရိကန်၏ လုပ်ရပ်သည် အဖြစ်မှန်ကို လျစ်လျူရှုပြီး အဖြူအမည်းကို ကပြောင်းကပြန်ဖြစ်အောင် လုပ်ခြင်းဖြစ်ကာ အကြမ်းဖက်လှုပ်ရှားမှုနှင့် အခြေအနေ ရှုပ်ထွေးမှုကို ရပ်စဲရန်နှင့် ငြိမ်ဝပ်ပိပြားမှု ပြန်လည်ရရှိရန် ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ ပြင်းထန်သော လိုအင်ဆန္ဒကို လျစ်လျူရှုခြင်းလည်း ဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်တွင်းရေးတွင် ဆိုးရွားသော ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပေါ် ဆိုးရွားသော ထိခိုက်မှုလည်း ဖြစ်ကြောင်း ဟောင်ကောင် အလွှာပေါင်းစုံက ဖော်ပြသည်။