李悦

ဒေသတွင်းအခြေအနေတင်းမာမှု လျော့ပါးစေနိုင်သောဆောင်ရွက်ချက်များကို အီရန်ကြိုဆို သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဆို

(GMT+08:00)2019-12-03 15:53:32  

    အီရန်နိုင်ငံခြားရေးဝန်ကြီးဇာရစ်ဗှသည် ယမန်နေ့ ၂ ရက်နေ့က တီဟီရန်၌ အလည်အပတ် ရောက်ရှိနေသော အိုမန်နိုင်ငံခြားရေးရာဝန်ကြီး အာလာဝီနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် အီရန်နိုင်ငံအနေနှင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာသော အခြေအနေ လျော့ပါး စေနိုင်သော ဆောင်ရွက်ချက်မှန်သမျှကို ကြိုဆိုကြောင်း၊ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံအားလုံးနှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြဿနာများကို လက်တွဲကိုင်တွယ်ဖြေရှင်းရန် ရပ်တည်ချက်ကို အမြဲစွဲကိုင်ကြောင်း ဖော်ပြခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါသည်။