宋冉

တရုတ်ပြည်သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘက်ပေါင်းစုံဆွေးနွေးပွဲတွင် အပြုသဘောဆောင်ပြီး တက်ကြွစွာ ပါဝင်မည်

(GMT+08:00)2019-12-03 16:31:58  

၂၀၁၉ခုနှစ်ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံကို ဒီဇင်ဘာလ၂ရက်နေ့က စပိန်နိုင်ငံ မာဒရစ်မြို့၌ ဖွင့်လှစ်လိုက်ကြောင်း၊ တရုတ်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌါနှ ရာသီဥတုပြောင်းလဲရေးဆိုင်ရာဦးစီးဌာနဒု ညွှန်ကြားရေးမှူးချုပ် လုရှင်မင်က ယခုအကြိမ်ညီလာခံကျင်းပစဉ်အတွင်း သတင်းထောက်နှင့်တွေ့ဆုံရာတွင် တရုတ်ပြည်သည် အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ဘက်ပေါင်းစုံဝါဒကို တစ်လျှောက်လုံးစွဲကိုင်ပြီး တရုတ်ဝိသေသထူးခြားချက်ကို အခြေခံပြီး ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရေးဆိုင်ရာ မိမိ၏ ကတိခံဝန်ချက်ကို အတည်ဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘက်ပေါင်းစုံဆွေးနွေးပွဲတွင်  အပြုသဘောဆောင်ပြီး တက်ကြွစွာ ပါဝငကာ သက်ဆိုင်ရာဘက်အသီးသီးတို့နှင့်အတူ ယခုအကြိမ်ညီလာခံအောင်မြင်ရန် လက်တွဲတွန်းအားပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။