邹立莹

ဒုတိယအကြိမ် အာရှ-ဥရောပ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကို ချုံချင့်မြို့၌ ကျင်းပ

(GMT+08:00)2019-12-03 15:21:04  

ပိုအော်အာရှဖိုရမ် ဒုတိယအကြိမ် အာရှ-ဥရောပ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကို ယခုလ ၂ ရက်နေ့က ချုံချင့်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံ၊ ဒေသ ၂၁ခု နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃ ခုမှ ကိုယ်စားလှယ် ၄၀၀ ကျော်တို့သည် ၄င်းအစည်းအဝေးသို့ တက်ရောက်ပြီး အာရှ-ဥရောပ ပူးပေါင်းဆောင်ရွက်မှု စီမံခန့်ခွဲရေး စနစ်သစ်၊ Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အတွေးအခေါ်သစ် နှင့် အာရှ ဥရောပ ပူးပေါင်းဆောင်ရွက်မှု ရလဒ်သစ်ကို အတူမျှဝေခံစားခြင်း စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

       ယင်းနေ့က တက်ရောက်သူ ကိုယ်စားလှယ် ၄၀၀ကျော်တို့သည် Belt and Road နှင့် ဥရောပအကြားဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ညီညွတ်စေရေး၊ ငွေကြေး ဂလိုဘယ်လိုင် ဇေးရှင်းရှေ့အလားအလာနှင့် စိန်ခေါ်မှုများ စသည့်အကြောင်းအရာများ ကိုဆွေးနွေး ခဲ့ကြောင်း သတင်းအရ သိရပါသည်။