张晓宁

တရုတ်အမျိုးသားဇာတ်ရုံ သံစုံတေးဂီတအဖွဲ့သည် မြောက်ကိုရီးယားသို့ ချစ်ကြည်ရေး လှည့်လည်ဖျော်ဖြေ

(GMT+08:00)2019-12-02 15:23:00  

တရုတ်ကွန်မြူနစ်ပါတီ ပီကင်းမြို့ကော်မတီအမြဲတမ်းကော်မတီဝင်၊ တရုတ်အမျိုးသားဇာတ်ရုံ အကြီးအကဲ ဝမ်နင်ဦးဆောင်သော တရုတ်အမျိုးသားဇာတ်ရုံ သံစုံတေးဂီတအဖွဲ့သည် ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၉ရက်နေ့မှ ဒီဇင်ဘာလ ၂ရက်နေ့အထိ မြောက်ကိုရီးယားသို့ချစ်ကြည်ရေး လှည့်လည်ပြသခဲ့သည်။ မြောက်ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင် Pak Kwang-ho၊ Ri Su-yong၊ မြောက်ကိုရီးယားအလုပ်သမားပါတီနှင့် အစိုးရလုပ်ငန်းဌာနများမှ အရာရှိများနှင့် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် ယင်းဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ကြကြောင်း၊ မြောက်ကိုရီးယားဘက်သည် တရုတ်အနုပညာရှင်များ၏ ကျွမ်းကျင်လှသောဖျော်ဖြေတင်ဆက်မှုကို တန်ဖိုးထားချီးကျူးပြီး ယင်းဖျော်ဖြေမှုမှတစ်ဆင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြားချစ်ကြည်ရေး အစဉ်အလာကိုနက်ရှိုင်းစေကာ အကျိုးဆောင်ပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။