辛甜

အမေရိကန်က တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းသည် တရုတ်နိုင်ငံကို ရန်စခြင်း ဖြစ်သည်ဟု နိုင်ငံခြားပုဂ္ဂိုလ်များဆို

(GMT+08:00)2019-12-02 14:35:13  

    အမေရိကန်မှ လက်မှတ်ရေးထိုးသော ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေကြမ်းသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအမည်ဖြင့် ဗိုလ်ကျစိုးမိုးရေးကို ကျင့်သုံးခြင်း၊ တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို တားဆီးခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်သူများအပေါ် ပြင်းထန်သော ရန်စခြင်းဖြစ်ပြီး အမေရိကန်၏ ဗိုလ်ကျစိုးမိုးရေး သ​ဘော​သ​ဘာ​ဝကို ပေါ်လွင်စေကြောင်း နိုင်ငံခြားပုဂ္ဂိုလ်များက ပြောကြားပါသည်။

   ပြင်သစ်စာရေးဆရာ Maxime Vivas က အမေရိကန်သည် တရုတ်ပြည်တွင်းရေးတွင် သိသာစွာ ဝင်ရောက်စွက်ဖက်ကြောင်း၊ ဒါကြောင့် ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဖြစ်သည်ဟု တစ်ကြိမ်ထပ်မံပြောကြားရန်လိုအပ်ကြောင်း ဖေါ်ပြပါသည်။

   အီတလီ ယနေ့ခေတ်တရုတ်သုတေသနစင်တာ အဆင့်မြင့်သုတေသီ၊ရောမ Luiss တက္ကသိုလ် နိုင်ငံရေးဘာသာရပ်ဌာနမှ ပါမောက္ခ Silvia Menegazzi က တခြားနိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မလုပ်ခြင်းသည် နိုင်ငံတကာဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းသည့် အခြေခံမူတစ်ခုဖြစ်ခြင်းမှာ သိသာထင်ရှားကြောင်း ပြောကြားပါသည်။