梅皓

စံနှုန်း၂မျိုး ကျင့်သုံးခြင်းသည် အရေးနိမ့်သွားမည်မှာ မုချမလွဲဖြစ်

(GMT+08:00)2019-12-02 15:12:26  

  နိုင်ငံ အသီးသီးတို့သည် အကြမ်းဖက် ပြစ်မှုကျူးလွန်မှုကို လက်ခံမည် မဟုတ်ကြောင်း၊ အမေရိကန်တွင် အကြမ်းဖက် ဆူပူလှုပ်ရှားမှု ဖြစ်ပွားလျှင် အမေရိကန် တရား ဥပဒေ ကျင့်သုံးရေး လုပ်ငန်းဌာနများ အနေနှင့် ဥပဒေ အရ ခိုင်မာပြတ်သားစွာ အရေးယူလေ့ရှိကြောင်း၊ သို့သော် ဟောင်ကောင်တွင် ဖြစ်ပွားနေသော အလားတူ အကြမ်းဖက် ဆူပူလှုပ်ရှားမှုနှင့် ပတ်သက်၍ အမေရိကန်ဘက်မှသည် မတူခြားနားသည့် သဘောထားပြီး ”ဒီမိုကရေစီ ရှာကြံရရှိရန် ဆန္ဒပြခြင်း” ဖြစ်သည်ဟု ယူဆကြောင်း၊ ယင်းသည် အမေရိကန်မှ လူအချို့ အနေနှင့် ကိုယ့်ဗိုလ်ကျစိုးမိုးမှု ထိန်းသိမ်းရန် အတွက် တစ်လျှောက်လုံး ဆောင်ရွက်နေသော စံနှုန်း၂မျိုး ကျင့်သုံးခြင်းပင် ဖြစ်ကြောင်း China Media Groupက ရေးသားဖော်ပြသည်။

  အကြမ်းဖက် လှုပ်ရှားမှုနှင့် အခြေအနေ ရှုပ်ထွေးမှုကို ရပ်စဲရန် ဟောင်ကောင်သူ ဟောင်ကောင်သားများ အပူတပြင်း မျှော်လင့်နေကြသည့် အခါသမယတွင် အမေရိကန် လွှတ်တော်မှ ”၂၀၁၉ခုနှစ် ဟောင်ကောင် လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ ဥပဒေကြမ်း”ကို အတည်ပြုခြင်းသည် အကြမ်းဖက်မှု ဆောင်ရွက်သူများအား မှားယွင်းသော အချက်ကို ဖော်ပြပြီး ဟောင်ကောင် အခြေအနေ အပေါ် ယမ်းပုံမီးကျသကဲ့သို့ ဖြစ်စေကာ ၄င်းစံနှုန်း၂မျိုး ကျင့်သုံးခြင်း၏ ဟန်ဆောင်ထားမှုနှင့် ဗိုလ်ကျစိုးမိုးမှုကို နောက်ထပ် ပေါ်လွင်လာစေကြောင်း၊ စံနှုန်း၂မျိုး ကျင့်သုံးခြင်းသည် အရေးနိမ့်သွားမည်မှာ မုချမလွဲဖြစ်

  ကြောင်း China Media Groupက ရေးသားဖော်ပြသည်။