朱蕾

ဒုတိယအကြိမ်မြောက် ဟိုင်နန်ကျွန်း နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်လှစ်

(GMT+08:00)2019-12-02 11:13:20  

图片默认标题_fororder_微信图片_20191202110624

ဒုတိယအကြိမ်မြောက် ဟိုင်နန်ကျွန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ယခုလ ၁ ရက်နေ့ က ဟိုင်နန်ပြည်နယ် စန်းယာ့မြို့တွင် ဖွင့်လှစ်ခဲ့သည်။ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရွှန်နှင့် ဟိုင်နန်ပြည်နယ်အုပ်ချုပ်ရေးမှူး ရှင်ရှောင်မင်တို့သည်၊ ယင်းရုပ်ရှင်ပွဲတော်၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရသည်။

图片默认标题_fororder_微信图片_20191202110631

ထိုသို့ မိန့်ခွန်းပြောကြားခဲ့ရာ၌ ရှင့်ဟိုင်ရွှန်က ဟိုင်နန်ဖွံ့ဖြိုးရေးမှာ တရုတ်ပြည် ပြုပြင် ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် ၄၀ ပြည့်နှစ်အတွင်း အရေးကြီးသည့် ၊ မျက်​မြင်​သက်​သေဖြစ်ကြောင်း၊ ခေတ်ကာလသစ်တွင် တရုတ်ပြည်သည် ရုပ်ရှင်လုပ်ငန်းဆိုင်ရာ အင်အားတောင့်တင်းသော နိုင်ငံတစ်နိုင်ငံဖြစ်လာနေကြောင်းပြောကြားခဲ့သည်။

图片默认标题_fororder_微信图片_20191202110637

ဟိုင်နန်ကျွန်း နိုင်ငံတကာရုပ်ရှင်ပွဲတော်သည် ၂၀၁၈ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး၊ တရုတ်ပြည်တွင် သက်တမ်းအနုဆုံးသော နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်သည်ဟု သတင်းအရ သိရသည်။