李悦

ထရီပိုလီမြို့တော်တောင်ပိုင်းတွင် လေကြောင်းမှတိုက်ခိုက်မှုခံရ

(GMT+08:00)2019-12-02 12:34:09  

ဒေသစံတော်ချိန် ယမန်နေ့ ၁ ရက်နေ့က လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်တောင်ပိုင်း ဒေသရှိ လူနေရပ်ကွက်တွင် လေကြောင်းမှတိုက်ခိုက်မှု ခံခဲ့ရပြီး လူ ၃ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လစ်ဗျားနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရက လစ်ဗျားအမျိုးသားတပ်ဖွဲ့သည် ယခုအကြိမ် တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ပြစ်တင်ရှုတ်ချခဲ့ကြောင်း၊ သို့သော် လစ်ဗျား အမျိုးသားတပ်ဖွဲ့သည် တစ်စုံတစ်ရာတုံ့ပြန်မှုမရှိသေးကြောင်း သတင်းရရှိပါသည်။