梅皓

ဟောင်ကောင် ဆိုင်ရာ ဥပဒေကြမ်းကို အမေရိကန်မှ အတည်ပြုခြင်းသည် ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ လူ့အခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်ဟု ဟောင်ကောင်အလွှာပေါင်းစုံက ဖော်ပြ

(GMT+08:00)2019-12-02 15:15:46  

  ဟောင်ကောင် အလွှာပေါင်းစုံက အမေရိကန်မှ ”ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေကြမ်း”ကို အတည်ပြုခြင်းသည် အကြမ်းဖက်မှု ပြုလုပ်သူများအား မသမာနည်းဖြင့် ပြောင်ပြောင်တင်းတင်း ပံ့ပိုးပေးခြင်းဖြစ်ပြီး ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ လူ့အခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း CCTV.COMမှ သတင်းအရ သိရသည်။

  ဟောင်ကောင် တရုတ် ပို့ကုန်နှင့် သွင်းကုန် ကုန်သည်များ အသင်း ဥက္ကဋ္ဌ လင်လုံအန်က အမေရိကန်မှ ”ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေကြမ်း”ကို အတည်ပြုခြင်း၏ ရည်ရွယ်ချက်မှာ ဟောင်ကောင်၏ သီးခြားအခွန် ဇုန်နယ်ကို ဖျက်သိမ်းပြီး ဟောင်ကောင်၏ ကမ္ဘာ့ ကုန်သွယ်ရေး စင်တာ၊ ကမ္ဘာ့ ငွေကြေးစင်တာနှင့် ကမ္ဘာ့ရေကြောင်း သယ်ယူပို့ဆောင်ရေးစင်တာ အားသာချက်များကို ဖျက်ဆီးရန် ဖြစ်ကြောင်း၊ သို့သော် ယင်းသည် ဟောင်ကောင်ရှိ အမေရိကန် ကုမ္ပဏီများ၏ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်စေမည် ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာခြင်းလည်း ဖြစ်ကြောင်း CCTV.COMက ဖော်ပြသည်။

  The Chinese University of Hong Kongမှ ပါမောက္ခ လျူကျော်ကားက အမေရိကန်မှ ”ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဥပဒေကြမ်း”ကို အတည်ပြုခြင်းသည် ဟောင်ကောင် အပေါ် တရုတ်ပြည်၏ အချုပ်အခြာ အာဏာပိုင်မှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှု ဖြစ်ကြောင်း၊ အမေရိကန်သည် ဟောင်ကောင်ကို အသုံးပြုပြီး တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရန် ကြံစည်နေကြောင်း၊ ယင်းသည် တရုတ် နိုင်ငံတော် လုံခြုံရေး အပေါ် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် ပိုမိုတင်းမာသော တုံ့ပြန်မှုကို မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ အမေရိကန်၏ ယင်းလုပ်ရပ်သည် ပြောင်းပြန်ကြီးဖြစ်မည် ဖြစ်ကြောင်း CCTV.COMက ဖော်ပြသည်။