邹立莹

စင်ကာပူအစိုးရကအများပြည်သူ့အကျိုးဆောင်ဝန်ဆောင်မှုဆိုင်ရာအချက်အလက်လုံခြုံမှုကို ဘက်စုံတိုးမြှင့်မည်

(GMT+08:00)2019-11-28 15:01:42  

စင်ကာပူအများပြည်သူ့ရေးရာဌါနများအချက်အလက်လုံခြုံမှုစစ်ဆေးရေးကော်မတီသည် ယခုလ ၂၇ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြည်သူ့ဝန်ဆောင်မှု ဌါန၏အချက်အလက်များ ​ပေါက်​ကြား​ခြင်းကို ကြိုတင်ကာကွယ်ရန်နှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုစွမ်းအားရှိ တိုးမြှင့်ရေးဆိုင်ရာအဆိုပြုချက် ၅ ခု ကို ထုတ်ပြန်ခဲ့ကြောင်း၊  စင်ကာပူဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သောသတင်းအရ စင်ကာပူဝန်ကြီးချုပ်လီရှိန်လွန်းသည် ယင်းကော်မတီအား စာပေးပို့ပြီး အစိုးရက သက်ဆိုင်ရာ အဆိုပြုချက်များကို လက်ခံမည်ဟု ဖေါ်ပြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။