邹立莹

တရုတ်နာမည်ကြီးတက္ကသိုလ်များ ထိုင်းနိုင်ငံ၌ ဟောပြောမိတ်ဆက်ပွဲပြုလုပ်

(GMT+08:00)2019-11-27 14:43:19  

တရုတ်နာမည်ကြီးတက္ကသိုလ်များနှင့် ပညာရေးလုပ်ငန်း ၁၆ ခုသည် HSK ပညာတော်သင်ရေးရာ ဟောပြောမိတ်ဆက်ပွဲကို ထိုင်းနိုင်ငံ Phuket မြို့ ၌ ယခုလ ၂၆ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံရှိတရုတ်ဘာသာစကားသင်ကြားသူများ အတွက် တရုတ်တက္ကသိုလ်များ၌ပညာတော်သင်ရေးရာအချက်အလက်များတိုးချဲ့ပေး ကြောင်း၊ ဤအကြိမ် ဟောပြောမိတ်ဆက်ပွဲသည် ကွန်ဖြှူး ရှပ်တရုတ်ဘာသာစကားသင်ကျောင်းများရုံးချုပ်နှင့် Prince of Songkla တက္ကသိုလ်မှ ကွန်ဖြှူးရှပ်တရုတ်ဘာသာစကားသင်ကျောင်းတို့ ပူးတွဲပြုလုပ်ခြင်းဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ယင်းနေ့တွင် ချင်းဟွာတက္ကသိုလ်၊ ဖူတန့်တက္ကသိုလ်၊ နန်ကင်းတက္ကသိုလ်၊ ရှန်မိန်တက္ကသိုလ်၊ ရှမ်ဟိုင်းတက္ကသိုလ် စသည့် တရုတ်နာမည်ကြီးတက္ကသိုလ်နှင့် ပညာရေးဌါန ၁၆ ခုမှ ကိုယ်စားလှယ်များသည် Phuket Wittayalai အ​လယ်​တန်း​ကျောင်းနှင့် Satree Phuket အ​လယ်​တန်း​ကျောင်း၌ တရုတ်ပြည်သို့ ပညာသင်ယူရေး ဆိုင်ရာဟောပြောမိတ်ဆက်ပွဲများကို ပြုလုပ်ခဲ့သည်ဟု သတင်းအရ သိရပါသည်။