辛甜

ဥက္ကဋ္ဌရှီ၏မိန့်ခွန်းသည် ယုံကြည်စိတ်တိုးပွားစေပြီး လမ်းညွှန်ပေးသည်ဟုဟောင်ကောင် နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များဆို

(GMT+08:00)2019-11-18 14:41:02  

    မကြာခင်က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ၌ BRICS ထိပ်သီး ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ရာတွင် မျက်မှောက်ဟောင်ကောင်အခြေ အနေနှင့်ပတ်သက်၍ တရုတ်အစိုးရမှ တည်ကြည်လေးနက်သော ရပ်တည်ချက်သဘောထားကို ဖေါ်ပြခဲ့ပါသည်။ ဥက္ကဋ္ဌရှီကျင့်ဖိန်က ဟောင်ကောင်တွင် အစွန်းရောက် အကြမ်းဖက် ပြစ်မှုကျူးလွန်မှုများ ဆက်တိုက်ဖြစ်ပွားပြီး ဥပဒေစိုးမိုးရေးနှင့် လူမှုစနစ်ကို ပြင်းထန်စွာ ထိခိုက်ကာ ဟောင်ကောင် စည်ပင်သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ပြင်းထန်စွာ ဖျက်ဆီး၍ တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး မူဝါဒကို ပြင်းထန်စွာ စိန်ခေါ်ခဲ့သည်ဟု ရှင်းလင်းစွာ ဖေါ်ပြခဲ့ပါသည်။ ဟောင်ကောင်နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များက ဥက္ကဋ္ဌရှီကျင့်ဖိန်၏ မိန့်ခွန်းသည် ဗဟိုအစိုးရက ဟောင်ကောင်စည်ပင်သာယာဝပြောရေးနှင့်တည်ငြိမ်ရေး၊ နိုင်ငံတော်အချုပ် အခြာအာဏာပိုင်ခွင့်၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးအကျိုးစီးပွားတို့ကို ထိန်းသိမ်းကာကွယ်သည့် စိတ်ပိုင်းဖြတ်ချက်ကို ကမ္ဘာအား ပြဆိုနေကြောင်း၊ ဟောင်ကောင်နယ်ပယ်အသီးသီးမှ ပြည်သူများ စည်းလုံးညီညွတ်ပြီး အထူးအုပ်ချုပ်ရေးအစိုးရမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဆူပူရှုပ်ထွေးမှု ရပ်စဲရေးဆောင်ရွက်ချက်များကို ပိုမိုပြတ်သားစွာ ထောက်ခံအားပေးရန် လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။