徐敏霞

တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုး မူဝါဒကို ဦးလည်မသုန် အကောင်အထည် ဖေါ်ဆောင်၊ ဟောင်ကောင် စည်ပင်သာယာရေးကို လက်တွဲ ထိန်းသိမ်းကာကွယ်ကြစို့

(GMT+08:00)2019-11-18 10:57:53  

China Media Group သည် “တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုး မူဝါဒကို ဦးလည်မသုန် အကောင်အထည် ဖေါ်ဆောင်၊ ဟောင်ကောင် စည်ပင်သာယာမှုကို လက်တွဲ ထိန်းသိမ်းကာကွယ်ကြစို့” ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ရေးသား ဖေါ်ပြ ထားပါသည်။

ယင်းဆောင်းပါးတွင်၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ၌ ကျင်းပသော BRICS နိုင်ငံများ ၁၁ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရာ၌၊ ဟောင်ကောင်၌ ဆက်တိုက် ဖြစ်ပွါးခဲ့သည့် အစွန်းရောက် အကြမ်းဖက် ပြစ်မှုကျူးလွန်မှုများသည် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းတည်ငြိမ်မှုကို ပြင်းထန်ဆိုးဝါးစွာ နင်းချေခဲ့ပြီး ဟောင်ကောင် စည်ပင်သာယာရေး၊ တည်ငြိမ်ရေးကို ပြင်းထန်ဆိုးဝါးစွာ ဖျက်ဆီး၍ တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုးမူ အပေါ်၌လည်း ပြင်းထန် ဆိုးဝါးစွာ ရန်စသည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်း “ပြင်းထန်ဆိုးဝါးစွာ” လေးခုသည် အစွန်းရောက် အကြမ်းဖက် ပြစ်မှုကျူးလွန်မှုများ၏ ပြင်းထန်ဆိုးဝါးသည့် အန္တရာယ်များနှင့် လိုရင်းသဘောကို လေးနက်စွာ ဖေါ်ပြ ထားကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် ဟောင်ကောင် အကြမ်းဖက် ရှုပ်ထွေးမှု တားမြစ် တိုက်ဖျက်ရေး လုပ်ငန်းဆိုင်ရာ တရုတ် ဗဟို အစိုးရ၏ အားအကောင်းဆုံးသော အသံကို ပြသထားပြီး ဟောင်ကောင်သည် ပိုမို သာယာလှပသော အနာဂတ်ရေး ရှိမှာ မုချဧကန် ဖြစ်ပါကြောင်း ရေးသားဖေါ်ပြထားပါသည်။ (ကျော့)