马宁

ဟောင်ကောင်အနေနှင့် အကြမ်းဖက်လှုပ်ရှားမှု နှင့် အခြေအနေရှုပ်ထွေးမှုကို အမြန်ဆုံး ရပ်စဲရန် နိုင်ငံတကာမိသားစုကြီးက ထောက်ခံ

(GMT+08:00)2019-11-18 16:47:30  

  နိုင်ငံတကာ မိသားစုကြီးမှ အလွှာပေါင်းစုံ ပုဂ္ဂိုလ်များသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းကို အလွန် အာရုံစိုက်ပြီး တရုတ်အစိုးရ၏ရပ်တည်ချက်ကို ထောက်ခံ၍ ဟောင်ကောင်အနေနှင့် တည်ငြိမ်ရေးနှင့်စည်းစနစ်ကို အမြန်ဆုံး ပြန်လည်ရရှိရန် မျှော်လင့်ကြောင်း၊ China Media Groupမှ သတင်းအရ သိရပါသည်။

  တရုတ်ရေးရာဆိုင်ရာ ဂျော်ဒန်ပညာရှင်၊ စာရေးဆရာ ဆာမီလ် အာမက်ဒင်က ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် တရုတ်နိုင်ငံသည် “နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုး”မူဝါဒကို ပြတ်ပြတ် သားသား တစ်လျှောက်လုံးစွဲကိုင်သည်ဟု အလေးထားဖော်ပြကြောင်း၊ ဟောင်ကောင် သည် “နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုး” ဝါဒအောက်တွင် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရှိသည့်အပြင် ပြည်မကြီးမှ ထောက်ပံ့ပေးသော အဆင်ပြေမှုနှင့်အခွင့်ကောင်းများကိုလည်း ခံစားနိုင်ကြောင်း၊ “နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုး”သည် တရုတ်နိုင်ငံရေးအမြင်ကို ဖော်ပြနိုင်ပြီး နိုင်ငံတကာမိသားစုကြီးမှ ကျယ်ပြန့်သော လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းကို ရရှိကြောင်း ပြောကြားခဲ့ပါသည်။