တရုတ်နိုင်ငံသည် ယခုလ ၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ကျိုချွမ်း ဂြိုဟ်တု လွှတ်တင်ရေး စခန်း၌ ခွိင့်ကျိုး အမှတ်-၁ (က) သယ်ဆောင်ဒုံးပျံ၊ ဒုံးပျံ တစ်စင်းဖြင့် ဂြိုဟ်တု နှစ်စင်းကို တစ်ပြိုင်တည်း လွှတ်တင်ရေး အသွင်ပုံစံဖြင့် တစ်ကမ္ဘာလုံး multi-media ဂြိုဟ်တုစနစ် α အဆင့် KL-α-A၊ KL-α-B ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်တု နှစ်စင်းသည် သတ်မှတ်ထားသည့် ကမ္ဘာပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ဝင်ရောက်ပြီ ဖြစ်ကြောင်း၊ ဂြိုဟ်တု အသုံးပြုသူသည် ဂျာမဏီမှ ကုမ္ပဏီ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။ (ကျော့)