徐敏霞

မည်သူမဆို တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုးမူ အပေါ် ရန်စခြင်းကို ခွင့်ပြုမည် မဟုတ်

(GMT+08:00)2019-11-18 09:38:49  

ယခုလ ၁၈ ရက်နေ့က တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် “မည်သူမဆို တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး အပေါ် ရန်စခြင်းကို ခွင့်ပြုမည် မဟုတ်” ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင်၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ၌ ကျင်းပသော BRICS နိုင်ငံများ ၁၁ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်စဉ်တွင် မျက်မှောက် ဟောင်ကောင် အခြေအနေနှင့် ပတ်သက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ရှီကျင့်ဖိန်က၊ အစွန်းရောက် အကြမ်းဖက် ပြစ်မှုကျူးလွန်မှုများသည် တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုးမူ အပေါ် ပြင်းထန်ဆိုးဝါးစွာ ရန်စသည်ဟု ပြောဆိုခဲ့ကြောင်း၊ မိမိတို့သည် တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုးမူ အပေါ် ရန်စသည့် လုပ်ရပ် မှန်သမျှကို လုံးဝ သည်းခံမည် မဟုတ်ဘဲ တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုးမူကို ပြောင်ပြောင်တင်းတင်း ရန်စနေသည့် ပြစ်မှုကျူးလွန်မှုကို ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း၊ ဟောင်ကောင်သည် တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုး မူဝါဒနှင့် ဟောင်ကောင် အခြေခံ ဥပဒေ လမ်းကြောင်းအတိုင်း ဆက်လက် မှန်မှန် ချီတက်ရမည် ဖြစ်ပြီး ပြည်မကြီးနှင့်အတူ တရုတ် အမျိုးသားများ၏ ပိုမို သာယာ လှပသော အနာဂတ်ကို လက်တွဲ ထူထောင်မည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။ (ကျော့)