朱蕾

၁၀ ကြိမ်မြောက် တရုတ်-အာဆီယံ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး ဗန်ကောက်၌ ကျင်းပ

(GMT+08:00)2019-11-18 13:54:46  

၁၀ ကြိမ်မြောက် တရုတ်-အာဆီယံ နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော်၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်းဟိုနှင့် အာဆီယံ အလှည့်ကျသဘာပတိနိုင်ငံ ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ် Prawit တို့သည်၊ ယင်းအစည်းအဝေးကို အတူကြီးမှူးကျင်းပခဲ့ကြကြောင်း China Media Group က ဖော်ပြသည်။

ဝေ့ဖုန်းဟိုက ပြီးခဲ့သည့် တစ်နှစ်အတွင်း တရုတ်၊ အာဆီယံတို့သည် နှစ်ဖက် သဘော တူညီမှုများကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည်၊ တည်ငြိမ်စွာ တိုးတက်လာပြီး၊ အကျိုး သက်ရောက်မှု သိသာထင်ရှားကြောင်း ပြောကြားခဲ့သည်။

အာဆီယံ ကာကွယ်ရေးဌာနများမှ ခေါင်းဆောင်တို့သည်၊ အာဆီယံ-တရုတ်ဆက်ဆံမှု ဖွံ့ဖြိုးရေးအပေါ် တန်ဖိုးထားချီးကျူးသည့်အပြင်၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နှစ်ဖက်တို့မှ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရာ၌  တရုတ်ဘက်မှ အားထုတ် ကြိုးပမ်း မှုများကိုလည်း တန်ဖိုးထားချီးကျူးခဲ့ကြသည်ဟု သတင်းအရသိရသည်။