徐敏霞

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အချိန်ကန့်သတ်မှုမရှိ ရွှေ့ဆိုင်းမည်ဟု ကန် ကြေညာ

(GMT+08:00)2019-11-18 09:40:11  

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး အက်စပါက၊ မြောက်ကိုရီးယားအား ကောင်းမွန်သော သဘောထား ပြသရန်အတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် နှစ်နိုင်ငံ၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အချိန်ကန့်သတ်မှုမရှိ ရွှေဆိုင်းမည် ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့က ဘန်ကောက်မြို့၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်း အရ သိရပါသည်။

မြောက်ကိုရီးယား နိုင်ငံတော်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့ မကြာမီတွင် ပြုလုပ်ရန် စီစဉ်နေသည့် ပူးတွဲ လေတပ် စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားအား ဆန့်ကျင်သည့် ရန်ငြိုးထားသည့် စစ်ရေး လေ့ကျင့်မှု ဖြစ်သည်ဟု ပြစ်တင် ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာနက ၁၃ ရက်နေ့တွင် ဖေါ်ပြထားပါသည်။ (ကျော့)