朱蕾

ဟောင်ကောင်အခြေအနေဆိုင်ရာ ရှီကျင့်ဖိန်၏ အရေးကြီးမိန့်ခွန်း နိုင်ငံတကာ မိသားစုကြီး အာရုံစိုက်ကြ

(GMT+08:00)2019-11-18 13:53:58  

      BRICS နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၄ ရက်နေ့က ဘရာဇီး နိုင်ငံ၌ အောင်မြင်စွာ ကျင်းပခဲ့သည်။ အစည်းအဝေးတက်ရောက်သည့် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ လက်ရှိဟောင်ကောင်အခြေအနေနှင့် စပ်လျဉ်း၍ တရုတ်အစိုးရ၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။ နိုင်ငံခြားအလွှာပေါင်းစုံတို့ သည်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းပြောကြားချက်ကို အရေးထားအာရုံစိုက်ကြပြီး၊ ဟောင်ကောင်အကြမ်းဖက်လှုပ်ရှားမှုများ ယခုထက် အဆင့်ပိုမိုမဖြစ်ပေါ်စေရန် သတိထား သင့်ကြောင်း၊ အကြမ်းဖက်မှုများ ရပ်စဲခြင်းမှာ ယခုလောလောဆယ်တွင် အရေးတကြီး တာဝန်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်ဟု  China Media Group မှ သတင်းအရသိရသည်။