辛甜

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောဆိုခြင်းသည် ဟောင်ကောင်တွင် အကြမ်းဖက် လှုပ်ရှားမှုနှင့် အခြေအနေရှုပ်ထွေးမှုကို ရပ်စဲရန် ယုံကြည်မှုကို များစွာ တိုးပွားစေဟု ဟောင်ကောင် အလွှာပေါင်းစုံ ဖော်ပြ

(GMT+08:00)2019-11-17 14:08:52  

မကြာခင်က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လက်ရှိ ဟောင်ကောင် အခြေအနေနှင့် ပတ်သက်၍ တရုတ် အစိုးရ၏ တည်ကြည်လေးနက်သော သဘောထား ရပ်တည်ချက်ကို ဖော်ပြခဲ့ကြောင်း၊ ဟောင်ကောင် အဓိက မီဒီယာများနှင့် လူ့ဘောင်အဖွဲ့အစည်းများက ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ သဘောထား ရပ်တည်ချက် ဖော်ပြခြင်းသည် ဟောင်ကောင်တွင် အကြမ်းဖက် လှုပ်ရှားမှုနှင့် အခြေအနေရှုပ်ထွေးမှုကို ရပ်စဲရန် အလွှာပေါင်စုံး၏ ယုံကြည်မှုကို များစွာ တိုးပွားစေခဲ့ကြောင်း ယခုလ ၁၆ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။