辛甜

အိုမန်တွင် ဝမ်ယန် တရားဝင် ခရီးလှည့်လည်

(GMT+08:00)2019-11-17 14:09:44  

အိုမန် နိုင်ငံတော် ကော်မတီ ဥက္ကဋ္ဌ Mantheri၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်ယန်သည် ယခုလ ၁၃ရက်နေ့မှ ၁၆ရက်နေ့အထိ အိုမန်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း၊ ခရီးစဉ်တွင် ဝမ်ယန်သည် အိုမန် ကက်ဘိနက်ရေးရာ ဒုတိယ ဝန်ကြီးချုပ် Fahad၊ အိုမန် အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဋ္ဌ Ma'awaliနှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ပြီး Mantheriနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။